Home
»
အားကစား
» ဆီးဂိမ်း ဖွင့်ပွဲ/ပိတ်ပွဲနှင့် ဘောလုံးပွဲ လက်မှတ်မ၀ယ်ထားသူများ ကွင်းအတွင်း ၀င်ရောက်ကြည့်ရှုခွင့် လုံးဝမရှိဟုဆို
ဆီးဂိမ်းပြိုင်ပွဲများအနက်မှ ဖွင့်ပွဲ/ပိတ်ပွဲအခမ်းအနားများနှင့် အမျိုးသား/အမျိုးသမီး ဘောလုံးပွဲစဉ်များအတွက် ကြည့်ရှုခွင့်လက်မှတ်များကို ကြိုတင်ရောင်းချပေးလျက် ရှိပါသည်။သို့ဖြစ်၍ လက်မှတ်ဝယ်ယူထားခြင်းမရှိသူများအား ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)နှင့် အာရှဘောလုံးအဖွဲ့ချုပ်(AFC)တို့၏ သတ်မှတ်စည်းကမ်းချက်များအရ ထိုင်ခုံမဲ့ ၀င်ရောက်ကြည့်ရှုခွင့် မရှိ(မရှိ)သဖြင့် ထိုင်ခုံနေရာသတ်မှတ်ချက်အတိုင်းလက်မှတ်ရရှိပြီးသူများသာ ၀င်ရောက်ကြည့်ရှုခွင့်ပြုမည်ဖြစ်ကြောင်း အားကစားဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့မှ မေတ္တာရပ်ခံထားကြောင်း သိရသည်။
အေးချမ်းမွန် Credit To > The Mirror Daily https://www.facebook.com/excellencemedia
Post a Comment