ဧရာဝတီ၊ နိုဝင်ဘာ ၂၆၊ ၂၀၁၃
၂၀၁၃ ခုနှစ် စက်တင်ဘာလတွင် ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ် သံတွဲ ဆူပူအကြမ်းဖက်မှု ဖြစ်စဉ်တွင် ပြစ်မှု ကျူးလွန်သူများကို အထူးအမှုစစ် အဖွဲ့များ ဖွဲ့စည်း၍ စစ်ဆေး ဖော်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။ နိုဝင်ဘာ ၂၂ ရက်နေ့အထိ အမှု ၁၉ ခုကို တရားစွဲတင်နိုင်ခဲ့ပြီး ပြစ်မှုကျူးလွန်သူ ၉၃ ဦး တရားစွဲဆိုနိုင်ခဲ့ကြောင်း ယနေု့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားသည်။ ထို့အပြင် ပြစ်မှု ကျူးလွန်သူ ၇၁ ဦးအား တရားခံပြေးအဖြစ် စွဲတင်ထားရှိပြီး ဖမ်းဆီးရမိရေး ဆောင်ရွက်လျက် ရှိကြောင်း၊ သံသယ ရှိသူ ၁၀၂ ဦးကို ဖော်ထုတ် ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။
အေးချမ်းမွန် Credit To > The Irrawaddy (Burmese Version)
Post a Comment