0


ဘီလူးမြို့၊ နိုဝင်ဘာ ၉။

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နှင့်(၅)မိုင် အကွာတွင်ရှိသော ဘီလူးမြို့တွင် ကျေးရွာအုပ်ချုပ်ရေးမှူးများသည် ရွာအတွင်း အမှုအခင်းများတွင် ၀င်ရောက်ဖြေရှင်းပေးရလျှင် ပေးလျော်ရ ငွေမှ(၁၀)ရာခိုင်နှုံး ကောက်ခံခြင်း၊ အမွေဆိုင် ကိစ္စများ ပါဝင်ဖြေရှင်းရလျှင် အမှုကိစ္စပါဝင်ပတ်သက်သူများထံမှ ၁၀ရာခိုင်နှုံးကောက်ခံခြင်းများ ရှိနေကြောင်း ငွေပေးခဲ့ရသူ ကိုအောင်ဆန်းဦိးက ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်မေမြန်းရာ နိုင်ငံတော် ဖွဲ့စည်းပုံအရ ရပ်ကွက်အုပ်ချုပ်ရေး မှူးများကို အလှူငွေများ ကောက်ခံခြင်း၊ အဂတိလိုက်စားခြင်းများ မပြုလုပ်ရန်အတွက် လစာနှင့် ရုံးအသုံးစရိတ်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ဆောင်ရန် စာအုပ်များကို တရားဝင်ထုတ်ပေးထားပြီး ဖြစ်ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဌာန အရာရှိထံမှ သိရသည်။

စက်တင်ဘာလတွင် ဘီလူးမြို့ဈေးကုန်းရပ်ကွက် ဘိလိယက်ခုံ ဖွင့်ထားသော ဦးမိုးထွန်းမှ ကန်တော်ကုန်းရပ်ကွက်တွင် နေသူ ဦးအောင်ဆန်းဦး၏ ဦးခေါင်းနှင့် မျက်နှာများအား ဘိလိယက်ထိုးသော ကျုတံဖြင့် လည်းကောင်း၊ လက်သီး ခြေထောက်များဖြင့် လည်းကောင်း ကန်ကြောက် ရိုက်နှက်သဖြင့် ဆေးရုံတင်ခဲ့ရသော အမှုတွင် အုပ်ချုပ်ရေးမှူး ဦးမောင်ဇော်၏ ဆုံးဖြတ်ချက်ဖြင့် ဦးမိုးထွန်းကို ဆေးဖိုးအဖြစ် လေးသိန်းပေးလျော်စေခဲ့သည်။ ၎င်းဆေးဘိုးမှ ဆယ်ရာခိုင်နှုံးကို အုပ်ချုပ်ရေးအဖွဲ့သို့ ပေးရန် သတ်မှတ်ထားသဖြင့်တောင်းခံလာသူ ဥက္ကဋ္ဌဦးမောင်ဇော်တို့ အဖွဲ့အား(၅)ရာခိုင်နှုံးသာယူပေးရန် တောင်းပန်ခဲ့ရသည်ဟု ဆေးဖိုးငွေလက်ခံရသူများက ဆိုသည်။

အောက်တိုဘာလ ၉ရက်၌ မြို့ဟောင်းကုန်းနေ ဦးစိန်ဝင်းဆုံးသည့်နေ့တွင် ကျန်ရစ်သူ သားသမီးတို့အား လယ်(၇)ဧကနှင့် နေအိမ်ကို အမွေခွဲဝေပေးခြင်းတွင် ကျေးရွာဥက္ကဋ္ဌ ဦးမောင်ဇော်မှ ယ.ရ.ကခွဲတမ်းများ တောင်းခဲ့ကြောင်းလည်း ထပ်မံသိရသည်။

အမွေရရှိသော ဦးမောင်အောင်နှင့် ဒေါ်မေကြည်တို့မှ ၎င်းခွဲတမ်းကို ၁၁ပိုင်းမှ ယူပေးရန် တောင်းပန်ထားရကြောင်းကိုလည်း ဦးအောင်ဆန်းဦးမှထပ်မံ၍ ဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ဘီလူးမြို့ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ဇော်အား အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖြေကြားခြင်း တစုံတရာ မရှိခဲ့ပါ။

သီဟအောင်(ကချင်)

အေးချမ်းမွန် Credit To >T he Myanma Agehttps://www.facebook.com/excellencemedia

Post a Comment

 
Top