0

[ Ref-AFP ၊ ဆိုးလ် ]

တောင် ကိုရီးယားနိုင်ငံ ကမ္ဘာလှည့်ခရီး သွားလုပ်ငန်းအကြီးအကဲ မစ္စတာ ချမ်လီသည် လွန်ခဲ့သောနှစ်ကဂျပန် နိုင်ငံသို့ သွားရောက်လည်ပတ်စဉ် ကာမပျော်မွေ့နိုင်သော အနှိပ် ခန်းသို့ သွားရောက်ခဲ့သည်ဟု သတင်းထွက်ပေါ်လာပြီးနောက် ရာထူးမှ နုတ်ထွက်ခဲ့သည်ဟု သိ ရသည်။

မစ္စတာချမ်လီသည် အဆို ပါသတင်းစွပ်စွဲချက်များမှာ မှန်ကန် ခြင်းမရှိဟု ငြင်းဆိုခဲ့ပြီး တောင် ကိုရီးယားနိုင်ငံ ကမ္ဘာလှည့်ခရီး သွားလုပ်ငန်း၏ စီအီးအိုရာထူးကို ဆက်လက်ထမ်းဆောင်ရန် မဖြစ် နိုင်တော့ခြင်းကြောင့် ရာထူးမနုတ်ထွက်ခဲ့ခြင်းဖြစ်သည်ဟု သိ ရသည်။ မစ္စတာလီက သတင်းမီဒီ ယာများသည် အခြေအမြစ်မရှိ သောစွပ်စွဲချက်များကို ထပ်ကာ ထပ်ကာဖော်ပြနေခြင်းမှာ ဝမ်း နည်းဖွယ်ကောင်းလှသည်ဟု သ တင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။

ထို့အပြင် ၎င်း၏ဂုဏ်သိက္ခာ ကို ပြန်လည်အဖတ်ဆယ်နိုင်ရန် အတွက် တရားဥပဒေအရဆောင် ရွက်သွားမည်ဟုဆိုသည်။ မစ္စတာ လီသည် ပြည်တွင်းရုပ်သံလိုင်းမှ တစ်ဆင့် ၎င်း ဂျပန်နိုင်ငံသွား ရောက်လည်ပတ်စဉ် တိုကျိုရှိ ယို ရှီဝါယာတွင် ဖွင့်လှစ်ထားသော ကာမပျော်မွေ့နိုင်သော အနှိပ် ခန်းသို့ ဖျော်ဖြေရေးဆိုင်တစ်ဆိုင် သို့ သွားရောက်ခဲ့ကြောင်း ထုတ် လွှင့်ခဲ့ပြီး သုံးရက်အကြာတွင် ရာ ထူးမှနုတ်ထွက်ကြောင်း ကြေညာ ခဲ့ခြင်းဖြစ်သည်။

အေးချမ်းမွန် Credit To >Yangon Media Grouphttps://www.facebook.com/excellencemedia

Post a Comment

 
Top