0


Posted by AF in ဆောင်းပါးများ

အိမ်ခွန်၊ မြေခွန်၊ ရောင်းခွန်တွေ တိုး၊ လျှော့ဖို့ ဆန္ဒပြလို့ လွှတ်တော် ထိ အဆိုတင်။ အင်တင်တင်နဲ့ ချဉ်တင် တင်တွေ ထိပ်တိုက်တိုးပြန်တယ်။ အရိပ် လည်းမရ အသီး လည်း မသီး အပွင့် လည်း မဝေဘဲနဲ့များ ရေလောင်းတာ ခံချင်နေပုံက နတ်အုန်းရွှေချ ပြန်မရဆို သလို ဖြစ်နေရော့သလား။ပြည်သူပြည်သား အကျိုးစီးပွား တွေ လိုအင်ဆန္ဒတွေကို တစ်နေ့တစ် မျိုး မရိုးနိုင်တဲ့ အခွန်အခတွေ နည်းဥ ပဒေတွေနဲ့ အရူးမီးဝိုင်းသလို ဘီလူး ဆိုင်း ကပြနေပုံကိုက မိုးလင်းမှန်းမသိ လင်းသွားတဲ့အထိ အိပ်မ ငိုက်ရအောင် ဇာတ်ရှိန်တွေ မြှင့်နေသလိုလို…နှစ် ပါးခွင် နားဆင်စေရင်းနဲ့ပဲ နိဂုံးချုပ်တော့ မလိုလို ပွဲအသိမ်းမှာ ယိမ်းအကကို ညီ ညီညာညာနဲ့ သံပြိုင်တီး ကပြ ရင်း အောင်စည်အောင်မောင်းတီးပြီး ပတ်မ ကြီးတီးလို့ ဇာတ်သိမ်းချင်နေတာ..ဇာတ်ပွဲကြည့်ရဖန်များလို့ သိထားတယ် နော်..အပိုမပြောဘူး။

တစ်ခါက အိမ်အကူကောင်မလေး တစ်ယောက်မွေးဖူးတယ်။ ဈေးဝယ်ခိုင်း တဲ့အခါ တစ်ဆယ်သား နှစ်ရာ့ငါးဆယ် ပေးရတဲ့ ငါးမြစ်ချင်းကို သူက ငါးရာလို့ စာရင်းရေးတယ်။ ပြီးတော့ တစ်ပိဿာ ဝယ်ခိုင်းရင် သုံးဆယ်သား နှစ်ထုပ်ဝယ် လာတယ်။ အဲဒီ ငါးတစ်မျိုးတည်း ဝယ် တာနဲ့တင် သူ့အောက်ဆိုဒ်ဝင်ငွေ (ခိုး ငွေ) က လစာမပါ တစ်ရက်ကို ၃၂၅ဝ ကျပ်ဖြစ်နေပြီ။ တခြားဆီတို့၊ အချိုမှုန့် တို့၊ ဟင်းသီးဟင်းရွက်တို့ မပါသေးဘူး နော်။ ကိုယ်ကလည်း အသားငါးမစား။ အညှီနံ့မခံနိုင်။ အလုပ်ကများ။ ဈေး မသွားနိုင်တော့ သူ့ကိုပဲ နေ့တိုင်းဈေး ဝယ်ခိုင်းရတာပေါ့။ ဆွမ်းချိုင့်ကလည်း တစ်ပတ်မှာ အနည်းဆုံး လေးရက် လောက် ချက်ရတာဆိုတော့ အိမ်အကူ ရဲ့ ဝင်ငွေက အိမ် ရှင်ထက် များလာတဲ့ အခါ Inquiry ဝင်ရင်း လစာအသားတင် အပြင် အောက်ဆိုဒ်ရှာတဲ့ အိမ်အကူကို အလုပ်ထုတ်ခဲ့ရပါတယ်။

စာရင်းရေးတာတောင် သည်လို စာရင်းပိုတင်ရေးလို့ ရနေရက်နဲ့ ဘာလို့ များ အသားလွတ်ကြီး ပွဲကြမ်းနေကြပါ သလဲ။ အိမ်ဖော်စိတ်ဓာတ်လောက် တောင် မမြင့်မားကြ ပါလားလို့ တွေးမိ တိုင်း အိမ်က သားသမီးလေးတွေကို ပညာသင်ရတဲ့ ရည်ရွယ်ချက်ကို ပုစ္ဆာ တစ်ပုဒ်လို နေ့တိုင်း တွက်နေရပါပြီ။ညဘက် ပုဆိုးခြုံခိုးတဲ့ သူခိုး။ နေ့ ဘက် အလစ်သုတ်တဲ့ အလစ်သမား တွေထက် အဆင့်မြင့်တဲ့ လေယာဉ်ပေါ်က အိမ်သာကျင်းလို နေရာလွဲပေမယ့် အခြေအနေတူတဲ့ ကတုတ်ကျင်း အိမ် သာထက်များ သာတဲ့ဘဝဖြစ်သွားရင်လို့ တွေးမိတိုင်း အနာဂတ်အရေး ဘဝ အရေး သံသရာအရေး ရင်လေးနေမိ တော့တယ်။ ဥာဏ်သာသူ အနိုင်ရကြေး မှာ ကိုယ်ကျင့်တရားက အရေး မပါဘူး လား။ ဝန်ထမ်းဆိုတဲ့ အမည်ကိုခံ လစာနဲ့ အခွင့်အရေးတွေကို စံစားပြီးတဲ့အပြင် အောက်ဆိုဒ်ဆိုတဲ့ (ခိုးငွေဘတ်ငွေတွေ) က တိုင်းပြည်ရဲ့ လိုအပ် ချက်တွေ ဖြည့် တင်းဖို့ထဲကနုတ်ယူနေတာမှန်း တကယ် ကို မတွေးမိကြတာလား။ ဒါမှမဟုတ် လကွယ်ညကို သူခိုးက ကံကောင်းတဲ့ နေ့လို့ သတ်မှတ်သလို ခေတ်နဲ့ စနစ် ရဲ့ ရေစီး ကို မျှောလိုက်ရင်းနဲ့ပဲ ငါတို့ကံဇာ တာတက် ဘုန်းကံတက်လို့ပဲလို့ ခံယူထားကြတာများလား။

ရွာထိပ်က ညောင်ပင်ကြီး ရေ လောင်းတိုင်းကြီးကြီးလာပြီး တကယ်ပဲ အရိပ်ရမယ်ဆို တစ်ရွာလုံး ရေထမ်း လောင်းဖို့ ဝန်မလေးကြပါဘူး။ အခွန် အခတွေ သဲထဲရေသွန် သလို ပိန်းကြာ ရွက်ပေါ် ရေမတင်သလို ဖြစ်နေကြ လို့သာ ခြေကုန်လက်ပန်းကျ သံသယရှိ နေကြရတာပါ။ တကယ်ဆိုရင် ရသုံးငွေစာရင်းပဲ လိုတယ်။ ဝါသနာပါရင် အိမ် အကူမ လေးလို သုတ်လို့ရတယ်။ ဒါပေမဲ့ ခပ် ပါးပါးပေါ့။ နားနားပြီးစားပေါ့။ ကြာကြာ ဝါးမယ့်သွား အရိုးကြည့်ရှောင်ဆိုတဲ့ ဂါ ထာလေး အမြဲရွတ်။ တစ်တွတ်တွတ် ဆို နေသင့်တာက ”သိက္ခာနဲ့ ရိက္ခာ”။

တလောက သူငယ်ချင်းတစ် ယောက် အိမ်အလည်ရောက်လာပြီး သူ့အစ်ကို ရာထူးတက် နေရာကောင်း ရပြီး သိန်းထောင်ပေါင်းများစွာ ချမ်း သာနေကြောင်း သတင်းေ ကာင်းလေး ပြောလာတော့ ဟဲ့ ရာထူးတက်တာနဲ့ပဲ ဒါလောက်ချမ်းသာသွားရသလား။ ဒါ ခွင် ကောင်းလို့ထင်တယ်နော် ဆိုတော့ သူ့အစ်ကိုက လာဘ်စား တာမဟုတ် သူ့ အလုပ်သူလုပ်တာ ဥာဏ်ရည်မြင့်တာ ဆိုပဲ။ ပြောပါဦးဟဲ့ အားကျလို့ဆိုတော့ ဌာနက စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆောက် လုပ်ရေးတွေ အောင်မြင်အောင် ကြိုးစားနိုင်သူတဲ့။ သစ်လိုရင်တောင် တောထဲ ကိုယ်တိုင် ဦးစီးခုတ်၊ သစ်ရွေး။ ကြိုက်သလောက် ဝေးစမ်း ပါစေ ဌာန က ကားနဲ့ ကိုယ်တိုင်သွား ဇွဲနပဲကြီး ဦး နှောက်ကြီးဆိုပဲ။ ဟဲ့အဲဒါတပ်ရဲ့ ရန်ပုံ ငွေ အထက်ကို တင်ရမယ့် ငွေတွေ အကျိုးအမြတ်တွေ လက်အောက်ငယ် သားတွေပါ ရသင့်တဲ့ အခွင့်အရေးတွေ၊ တကယ်ဆို အထက်ကို မတင်ဘဲ ချန် လှပ် နှံဖြတ် ထားတဲ့ ငွေတွေပေါ့။ အဲဒီ လိုမျိုး ဌာနတိုင်းက လုပ်နေလို့ တို့တိုင်း ပြည်က လိုအပ်ချက်တွေ များနေတာ။ ပြည် သူကိုချည်းပဲ အခွန်အခတွေ ဖိ ကောက်။ ကိုယ့်အောက်က ဖိထိုင်ထား တဲ့ ငွေထုပ်ကြီး၊ ရွှေထုပ်ကြီးတွေတော့ အလျော့မခံ၊ မှန်မှန်ကန်ကန်ခေါင်း ဆောင်တွေ နည်းလွန်းတော့ အခုလို အ သံတွေ ညံနေတာပေါ့ဆိုတော့ သူက မခံချင်စိတ်နဲ့ ထပ်ရှင်းတယ်။ သူရှင်းကာ မှ ပိုဆိုးပိုဆိုး။ အဟိုးအဟိုး လို့သာ ချောင်းဟန့်သလို ရယ်လိုက် ချင်သေး။ ပြောပုံလေးက လှတယ်။

ဒါကတော့ သူ့အစ်ကိုကြီးက သူ့ ရာထူးနဲ့ သူ့ပိုင်ဆိုင်မှုနဲ့ ယှဉ်ရင် နည်း တောင် နည်းနေသေးတယ်။ သူ့အောက် က အရစ်နဲ့ဝန်ထမ်းတွေတောင် အစ်ကို ကြီးထက် ထော တဲ့သူတွေချည်းပဲတဲ့။ တစ်စဆွဲလျှင် ချည်စငင်သို့ ဆိုတဲ့ အထက်တန်းကျောင်းတုန်းက မြန်မာ ဖတ်စာထဲက စာသားလေးကို ယောင်န ပြီးအော် ရွတ်မိသေးေ တာ့တယ်။ ပျောက် တာက ခွေးပါဆိုမှ ခွေးစားခွက်လေး တောင်လှလို့ သိမ်းထားတာပါ ဆိုသ လိုပဲ။ မိဘတွေ၊ ဆရာသမားတွေ၊ ဗုဒ္ဓ ဘာသာ ပီသရင် ဘုရားကိုတကယ် ကြည်ညိုရင် ဗိုလ်ချုပ်အောင်ဆန်းကို တကယ်လေးစားရင်၊ ကိုယ့်သားသမီး တွေ ကိုယ့်တပည့်တွေကို လောကီ ကောင်းကျိုး၊ လောကုတ္တရာ ကောင်း ကျိုးယှဉ်တွဲ သင်ကြားလို့ လူဖြစ်ကျိုး နပ်ဖို့ ကုသိုလ်ယူရင်း အိမ်တွင်းသာသနာ ပြုကြပါ။ ကုသိုလ်စိတ်နဲ့ နိုင်ငံရေး လုပ် ကြပါ။ ရောက်တဲ့နေရာက ထပြေးကြဖို့ တိုက်တွန်းပါရစေလား။ ကိုယ်ကျင့်တ ရားတွေ တိမ်ကောရင်း မိန်းမောနေကြ တဲ့ ခေတ်စနစ်ဆိုးကြီးထဲကနေ တစ် ယောက်ကအစ တစ်ရာ ကြိုးစားကြပါ စို့လား။

ဒိုးပြားတွေ ခိုးစားတဲ့ နိုင်ငံတိုင်း၊ အစိုးရတိုင်း၊ လူတိုင်း ဘယ်လို နိဂုံးချုပ် ရတယ်ဆိုတဲ့ အရှက်ကွဲခေါင်းဆောင် တွေ အကြောင်း၊ လည်ပင်းကြိုးဆွဲခဲ့ကြ ရတဲ့ အာဏာ ရှင်တွေ အကြောင်း၊ ငရဲ ကြီးရှစ်ထပ်အကြောင်း တစ်စေ့တစ် စောင်း မမေ့ကောင်းအောင် သတိမမူ ဂူမမြင်တဲ့ ပညာရှိ သူတော်ကောင်းတွေ ကို ပမာပြ ဒါနနဲ့ အတ္တရဲ့ ဆိုး ကျိုး ကောင်းကျိုးတွေကို အချင်းချင်းလက်တို့ သတိပေးရင်းပဲ ဖြစ်ဖြစ် နောင်လာ နောက်သားတွေ စံနမူနာယူစရာ ဖြစ် အောင် ကိုယ်တိုင် ပြောင်းလဲ ကြိုး ပမ်း နေထိုင် လို့ပဲ ဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုယ် တကယ် ချစ်ရာရောက်အောင်၊ တိုင်း ပြည်ကို တကယ်ချစ်ရာရောက်အောင်၊ သားသမီးတွေကို တကယ်ချစ် ရာရော က် အောင်၊ တပည့် လက်သားတွေကို တ ကယ်ချစ်ရာရောက်အောင် ကောင်းမွန် မြင့်မြတ်တဲ့ ပြယုဂ်ကို ဖော်ဆောင်နိုင်ဖို့ တိုက်တွန်းလိုက်ပါတယ်။

မြန်မာပြည်သားတွေဟာ တကယ် သာအကျိုးရှိမယ်ဆိုလို့ကတော့ သူခိုး ရှိ နေရင်တောင် ဘုရားကိုရွှေချဖို့ မနှမြောကြသလို တကယ်သာ စာရင်းအတိအကျ ရှိလို့ ပြည် သူတွေ အကျိုးရှိရင် အခွန်အခဆိုတာကို ချိုမြတဲ့အပြုံးနဲ့ အားလုံးက ကြိုမယ်ထင် ဘယ်သူမှမငြိုငြင်။

လေဒီဒိုင်းမွန်း

အေးချမ်းမွန် Credit To >Popular Myanmar News Journal https://www.facebook.com/excellencemedia

Post a Comment

 
Top