0

Created on Friday, 29 November 2013 22:24 

မြန်မာ့လျှပ်စစ် ဓာတ်အားလုပ်ငန်းမှ ရွာမ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံအတွင်း အသစ်ထပ်မံ တည်ဆောက်လျှက်ရှိသည့် Electricity Generating Au-thority of Thailand (EGAT) သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး စက်နှစ်လုံးသို့ လိုအပ်သော သဘာဝဓာတ်ငွေ့ ဖြန့်ဖြူးပေးနိုင်ရန်အတွက် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဆက်သွယ်ခင်းကျင်းခြင်း လုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

လက်ရှိကာလ၌ ရွာမသဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံရှိ အစိတ်အပိုင်းများနှင့် ပိုက်လိုင်းချိတ်ဆက်ရန် အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်းလည်း သိရသည်။ ယင်းကဲ့သို့ ပိုက်လိုင်းဆက်သွယ်ခြင်း လုပ်ငန်းများကို ဒီဇင်ဘာ ၁ ရက် နံနက် ၆ နာရီမှ စတင်ဆောင်ရွက်မည်ဖြစ်ပြီး ခန့်မှန်းခြေအားဖြင့် ၂၄ နာရီကြာ ဆောင်ရွက်ရမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါကာလအတွင်း အလုံ လျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ အရောင်းဆိုင်များသို့ သဘာဝဓာတ်ငွေ့ အပြည့်အ၀ ဖြန့်ဖြူးပေးထားမည် ဖြစ်သောကြောင့် သာကေတ၊ လှော်ကားနှင့် ရွာမ လျှပ်စစ်ဓာတ်အားပေး စက်ရုံများနှင့် သဘာဝဓာတ်ငွေ့သုံး စက်မှုလုပ်ငန်းများသို့ သဘာဝဓာတ်ငွေ့ ဖြန့်ဖြူးမှုများ ခေတ္တရပ်ဆိုင်းထားမည် ဖြစ်ကြောင်း . . .

အဆိုပါကာလအတွင်း အလုံ လျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ အရောင်းဆိုင်များသို့ သဘာဝဓာတ်ငွေ့ အပြည့်အ၀ ဖြန့်ဖြူးပေးထားမည် ဖြစ်သောကြောင့် သာကေတ၊ လှော်ကားနှင့် ရွာမ လျှပ်စစ်ဓာတ်အားပေး စက်ရုံများနှင့် သဘာဝဓာတ်ငွေ့သုံး စက်မှုလုပ်ငန်းများသို့ သဘာဝဓာတ်ငွေ့ ဖြန့်ဖြူးမှုများ ခေတ္တရပ်ဆိုင်းထားမည် ဖြစ်ကြောင်းနှင့် ခန့်မှန်းခြေအားဖြင့် မဟာဓာတ်အားလိုင်းမှ ဓာတ်အားကို လက်ခံ၍ ဓာတ်အားဖြန့်ဖြူး ပို့လွှတ်ထားသော သာကေတ ပင်မဓာတ်အားခွဲရုံရှိ ၂၃၀/ ၃၃ ကေဗွီ ၁၀၀ အမ်ဗွီအေ ထရန်စဖော်မာ၏ ၃၃ ကေဗွီ ဗို့အားအထွက်အပိုင်းတွင် လွန်းဖွာနေသော ဓာတ်အားလိုင်းကြိုးများအား အစားထိုး အသစ်လဲလှယ်ခြင်း၊ ယာယီအစားထိုး တပ်ဆင်ထားသော လျှပ်စီးတိုင်း ထရန်စဖော်မာ သုံးလုံးအား အသစ်ဖြင့် လဲလှယ်ခြင်းကို အရေးပေါ်ဆောင်ရွက်ရန် လိုအပ်နေသဖြင့် ၂၀၁၃ ခုနှစ် အောက်တိုဘာလအတွင်းက ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ယင်းကဲ့သို့ ဆောင်ရွက်နေစဉ်အတွင်း ရန်ကုန်မြို့ရှိ သာကေတ၊ ဒေါပုံ၊ သင်္ဃန်းကျွန်း၊ ဒဂုံမြို့သစ် တောင်ပိုင်းနှင့် မြောက်ပိုင်းမြို့နယ်များသို့ ခြောက်နာရီကြာ ဓာတ်အားယာယီ ဖြတ်တောက်ခဲ့ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။

အေးချမ်းမွန် Credit To >Eleven Media Group < Thankhttps://www.facebook.com/excellencemedia

Post a Comment

 
Top