ဝေမာသိမ့်| ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ ၂၀ ရက်၊ ၂၀၁၃ ခုနှစ်
ပြည်ထောင်စုလွှတ်တော်၏ လယ်သိမ်းစုံစမ်းရေးကော်မရှင်က အခြားမြေများသိမ်းဆည်းမှုများ စုံစမ်းမှုပြု ရာတွင် ယခင်အစိုးရအဆက်ဆက်မှ ရောင်တော်ပြန်နှင့် ရောလွှတ် အသိမ်းခံရမှု၊ အာဏာပါဝါပြ အသိမ်း ခံရမှုများကို အဓိကထား စုံစမ်းမှုများပြုလုပ်သွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး လယ်ယာမြေနှင့် အခြား မြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများ နစ်နာမှုမရှိစေရေး စုံစမ်းစစ်ဆေးရေးကော်မရှင် (ရန်ကုန် တိုင်းဒေသကြီး)အဖွဲ့ခေါင်းဆောင်
“အခြားမြေထဲမှာ အဓိကကတော့ အရင်ခေတ်တွေတုန်းက ရောင်တော်ပြန်နဲ့ ရောလွှတ်ခဲ့တာတွေ၊ ပါဝါ ပြပြီး သိမ်းခဲ့တာတွေ ဒီလိုမျိုးသိမ်းတာတွေမှာ ပြည်သူတွေ နစ်နာခဲ့တာတွေကို စိစစ်ပြီးရင် ငါတို့ရန်ကုန် တိုင်းကလည်း အစီရင်ခံစာတင်မယ်။ ဒီအစည်းအဝေး နားတဲ့အချိန်မှာ အခြားမြေသိမ်းဆည်းခံရမှုနဲ့ ပတ် သက်တဲ့ တိုင်စာတွေကို အဓိကထား စိစစ်သွားမယ်။ ငါတို့ရန်ကုန်တိုင်းကတော့ အခြားမြေ သိမ်းဆည်း ခံရတာတွေနဲ့ပတ်သက်ပြီး အမျိုးစားအလိုက် စာရင်းပြုစုနေပြီး စပြီး ကွင်းဆင်း စုံစမ်းနေပြီ။ရန်ကုန်တိုင်း မှာတော့ အခြားမြေနဲ့ပတ်သက်ပြီး တိုင်စာတွေ အများကြီးပဲ”ဟု ပြောသည်။
ပြည်ထောင်စုလွှတ်တော်၏ လယ်ယာမြေသိမ်း စုံစမ်းရေးကော်မရှင်က ပြည်ထောင်စုလွှတ်တော်တွင် သုံးကြိမ်တိုင် အစီရင်ခံစာ တင်သွင်းပြီဖြစ်သော်လည်း အခြားမြေများ သိမ်းဆည်းခံရမှုများနှင့် ပတ်သက် ပြီး အစီရင်ခံစာတွင် မပါရှိသည့်အတွက် ယခုလွှတ်တော် အစည်းအဝေးနားချိန်တွင် လယ်ယာမြေကိစ္စ ထက် အခြားမြေ သိမ်းဆည်းခံရမှုကိစ္စများကို အဓိကထား စုံစမ်းမှုများ ပြုလုပ်သွားရမည်ဖြစ်ကြောင်း ကော်မရှင်အဖွဲ့ဝင်များမှ မဇ္ဈိမကို တညီတညွတ်တည်း အတည်ပြု ပြောသည်။
ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် န၀မ ပုံမှန်အစည်းအဝေးတွင် အခြားမြေများ သိမ်းဆည်းခံရမှု များနှင့်ပတ်သက်၍ နစ်နာခဲ့သည့် ပြည်သူများအတွက် ကော်မရှင်မှ တိုင်ကြားလာသည့်စာများကို အဋ္ဌမ ပုံမှန်အစည်းအဝေး ရပ်နားချိန်တွင် လေ့လာစုံစမ်းမှုပြုပြီး တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် အစီရင်ခံစာ များ ကော်မရှင်ဥက္ကဋ္ဌထံသို့ တင်ပြပြီး ပြည်ထောင်စုလွှတ်တော်သို့ အစီရင်ခံစာ အပိုင်း(၄)အဖြစ် တင်ပြ သွားမည်ဖြစ်သည်။
မန္တလေးတိုင်းဒေသကြီး ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ပြည်သူ့ကိုယ်စားလှယ်ဦးမင်းသူက
မကွေးတိုင်းဒေသကြီး ကော်မရှင်အဖွဲ့ခွဲခေါင်းဆောင်ဦ
အဆိုပါ အခြားမြေများသိမ်းဆည်းခံရမှုများ
လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများကြောင့် ပြည်သူများ နစ်နာမှုမရှိစေရေး စုံစမ်းစစ် ဆေးရေးကော်မရှင်ကို ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြု ဖွဲ့စည်းခဲ့သည်။ ဥပဒေကျွမ်းကျင်ပညာရှင်များအပါအဝ
ပြည်ထောင်စုလွှတ်တော်သို့ လယ်ယာမြေသိမ်းဆည်းခံရမှုများနှင်
အေးချမ်းမွန် Credit To >Mizzima - News in Burmese
Post a Comment