0

ဖြိုးလွင်အောင်

ရန်ကုန် ၊ နိုဝင်ဘာ ၄ ။ ။ ရန်ကုန် တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း) အပါအဝင် ရန်ကုန်မြို့နယ် အသီးသီးရှိ အိမ်ပိုင်မရှိခြင်းကြောင့် မြေကွက်အလွတ်နေရာများတွင် ကျူးကျော်နေထိုင် သူများ ကို မြေ ကွက်ပြန်လည်ချထားပေးရန် အစီ အစဉ် မရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးဝန်ကြီး၊ မြို့ တော်ဝန် ဦးလှမြင့်က ပြောသည်။

ဝန်ကြီးဦးလှမြင့်က ''ရန်ကုန် မြို့က ပလပ်တွေအကုန်လုံးက မြို့တော် တည်ဆောက်ရေး စီမံ ကိန်းတွေရေးဆွဲ ကတည်းက စီမံ ကိန်း လျာထား ချက် မြေတွေဖြစ် လို့ မြေလွတ်ဆိုတာမရှိတဲ့ အတွက် ဒဂုံမြောက်ပိုင်းက ကျူးကျော်နေ ထိုင်သူတွေမှ မဟုတ်ပါဘူး၊ ဘယ် မြို့နယ်ကမှ ကျူးကျော်သူတွေ ကို နေရာပြန်ချပေးဖို့က မရှိပါ ဘူး။ တစ်မြို့နယ်ကို နေရာပေးရင် ကျန်တဲ့မြို့နယ် တွေကို လဲ နေရာ ပြန်ပေးရ မှာဖြစ်တဲ့ အတွက် ဘယ် သူ့ကိုမှ နေရာချပေးဖို့မရှိပါဘူး'' ဟုပြောသည်။

လက်ရှိဒဂုံမြို့သစ်(မြောက် ပိုင်း) မြို့နယ်ရပ်ကွက်များတွင် နှစ်ရှည် ကျူးကျော်နေထိုင်သူများ အား အစိုးရပိုင်ပလပ်မြေများပေါ် တွင် ယာယီနေထိုင်ခွင့်(သို့မဟုတ်) မြေပိုင်ဆိုင်ခွင့်များပေးရန် အစီ အစဉ် ရှိ၊ မရှိနှင့်ပတ်သက်၍ နို ဝင်ဘာ၎ရက်က လွှတ်တော် ရုံး ၌ ပြုလုပ်သည့် ပထမအကြိမ် ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်အထူး အစည်းအဝေးတွင် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ လွှတ်တော်ကိုယ်စား လှယ် ဦးဇော်ဝင်း၏ မေးမြန်းချက် အား မြို့တော် ဝန်ကြီးမှ ယင်းကဲ့ သို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ် သည်။

လက်ရှိ အဆိုပါဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်သည် (၁၉၈၉၊ ၁၉၉၀)ခုနှစ်များမှ စတင်ဖော် ဆောင်ခဲ့သည့်အတွက် မြို့နယ် ၏သက်တမ်းမှာ နှစ်ပေါင်း၂ဝခန့် သာရှိသေးပြီး ကျူးကျော်များ အား နေရာပြန်လည်ချထားပေးမည် ဆိုပါက ယင်းမြို့ နယ် ထက် စော စွာဖော် ဆောင်ခဲ့သည့် မြို့နယ် များလည်းရှိကြောင်း မြို့တော် ဝန် ဦးလှမြင့်ကပြောသည်။

News Link=>http://goo.gl/4unl5P

အေးချမ်းမွန် Credit To >Yangon Media Group https://www.facebook.com/excellencemedia

Post a Comment

 
Top