0

ငဖဲ နိုဝင်ဘာ ၈

မင်းဘူးခရိုင် ငဖဲမြို့နယ် ဂုတ်ကြီးကျေးရွာမြောက်ဘက် တစ်ဖာလုံခန့်အကွာ အောက်ချိုင့်ရှိ စိုက်ခင်းစောင့်တဲတွင် နိုဝင်ဘာ ၃ ရက် ည ၈ နာရီခွဲခန့်က မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။
ဖြစ်ပွားပုံမှာ အဆိုပါတဲ၌ တစ်ဦးတည်းနေထိုင်သည့် ဒေါ်လူတောက် (၉၀)နှစ်သည် ဖယောင်းတိုင်ထွန်း၍ အိပ်ပျော်သွားခဲ့ရာ ၁၀ ပေပတ်လည်ရှိ နှစ်ပင်တဲ၊ ဝါးကပ်ကာ၊ မြက်သက်ငယ်မိုး၊ ဝါးကြမ်းခင်းကို မီးကူးစက်လောင်ကျွမ်းမှု ကြောင့် ဒေါ်လူတောက်မှာ ခန္ဓာကိုယ်တစ်ခုလုံး မီးလောင်၍ သေဆုံးသွားကြောင်း သိရသည်။ (မကွေးလှမြင့်)

အေးချမ်းမွန် Credit To > The Mirror Daily
https://www.facebook.com/excellencemedia

Post a Comment

 
Top