0


မဟာ ကရုဏာရှင်
ဖဘုရား သခင်က
အမျိုးသမီးများနဲ့ ရဟန်းဟာ
ဝေးစွာနေရမယ်တဲ့
ပညတ်ချက် ထားခဲ့တယ်

တကယ်လို့
ဝေးလို့ မဖြစ်၊ နီးကြမှ ဖြစ်မယ်ဆိုရင်
အမေအရွယ် အမေ၊
အစ်မ အရွယ် အမ၊
ညီမအရွယ် ညီမ
စိတ်ထားအလှနဲ့ ဆက်ဆံရမယ် ဆိုပဲ

ဟော အဲဒီထဲက တစ်ခု
အမေဆိုရင်တော့ ပညတ်ချက်မထား
လောက်လောက် လားလားနဲ့
မွေးကျေးဇူးတွေကို ကြေအောင်ဆပ်
အနီးကိုကပ်၊ မပြတ်ပြုစု
ယုယပိုက်ထွေး
မာတုဂါမ ဆိုပေမယ့်
အာပတ်တွေက ဝေးစေတယ်

အော် အမေဆိုတာ
အဲဒီလောက်ထိ စွမ်းစေတယ်၊ ၊

( ရွှေမန်းသား အရှင်အကုင်္ရ)
post by နှင်းဆီဖူးလေးများ-Love BUDS

အေးချမ်းမွန် Credit To >နှင်းဆီဖူးလေးများ-Love BUDS
21

Post a Comment

 
Top