ပြည်တွင်းတွင် ပထမဆုံး အသံထိန်း စနစ် တပ်ဆင်မည့် တံတားဖြစ်ဟုဆို
နန်းမြင့်| အင်္ဂါနေ့၊ နိုဝင်ဘာလ ၅ ရက် ၂၀၁၃ ခုနှစ်
ဆောက်လုပ်ဆဲ ဖြစ်သော ရွှေဂုံတိုင် ခုံးကျော်တံတားကို ဒီဇင်ဘာ ၁ရက်မှ စတင်ကာ ကားများ သွားလာ နိုင်မည် ဖြစ်ပြီး ယင်းတံတားတွင် ကားများသွားလာသည့် အသံကြောင့် ဆူညံမှု လျှော့ချနိုင် ရန် အသံထိန်းစနစ် တပ်ဆင် သွားမည်ဟု အဆိုပါ တံတားစီမံကိန်း ဒါရိုက်တာ ဦးအေးသော်က နိုဝင်ဘာလ ၅ ရက်တွင် ပြောသည်။
နိုဝင်ဘာ ၅ရက် ရွှေဂုံတိုင် ခုံးကျော် တံတား စီမံကိန်း ဧရိယာ အတွင်းရှိ ယာယီ ရုံးခန်းတွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်စဉ် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး ထိုတံတားမှ ကားများသွားလာရာတွင် အသံကြောင့်ထိခိုက်မှု အနည်းဆုံးဖြစ်စေရန် Excel Tower နှင့် ရွှေဂုံ ပလာဇာအနီး တံတားပေါ်တွင် အသံထိန်းကိရိယာ ( Sound Barriers) တပ်ဆင်သွားမည်ဖြစ်သည်ဟုလည်း ၄င်းက ပြောသည်။
"တံတားတည်ဆောက်ခြင်းကို ညရော နေ့ရောလုပ်ရင် သတ်မှတ်ထားတဲ့ ကာလထက် စောပြီးမယ်။ ဒီဇင်ဘာလ ၁ ရက်မှာ မော်တော်ကားများ စတင်သွားလာနိုင်မယ်။ ဒါပေမဲ့ ဖွင့်ပွဲကိုတော့ ရက်အတိအကျမရွေးရသေးဘူး”ဟု ဦးအေးသော်က ပြောသည်။
၎င်းက ဆက်လက်ပြီး “ လူနေအိမ်နဲ့ နီးတဲ့နေရာတွေမှာ အသံထိန်း ကိရိယာတပ်ဆင်သွားမယ်။ မော်တော်ကားကထွက်တဲ့ အသံကြောင့် ထိခိုက်မှုအနည်းဆုံးဖြစ်အောင် တပ်ဆင်ခြင်းဖြစ်တယ်။ ဂျပန်နိုင်ငံရဲ့ နည်းပညာနဲ့ တပ်ဆင်သွားမယ်” ဟု ပြောသည်။
ရွှေဂုံတိုင် ခုံးကျော်တံတား တည်ဆောက်ရေးစီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွန်ချက် အရ ရန်ကုန်မြို့တော်စည်ပင်သာယာရေးေ
ယင်းသို့ အသံထိန်း ကိရိယာများ တပ်ဆင်ခြင်းနှင့် ပတ်သက်၍ မိုးလွင်အိမ်ခြံမြေ အကျိုးဆောင် ကုမဏီမှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးချိုက “လူတွေက မီးပွိုင့်ဇုံတွေမှာ နေကြတာ အရင်တုန်းကတော့ ခုံးကျော်တံတားရှိလာမယ်လို့မျော
ရွှေဂုံတိုင်ခုံးကျော်တံတား တည်ဆောက်ရေးစီမံကိန်းကို ၂၀၁၂ခုနှစ် ဒီဇင်ဘာလ ၂ရက်က စတင်ဆောက်လုပ်ခဲ့ကာ နိုဝင်ဘာလ ၃၀ ရက်တွင် လုပ်ငန်းပြီးစီးမည်ဖြစ်သည်။ တံတား တည်ဆောက် ရေး အတွက် ခန့်မှန်းကုန်ကျငွေမှာ ၁၇ ဒသမ ၄၄ ဘီလီယံ အဆိုပြုတင်ပြထားပြီး ၂၀၁၂-၂၀၁၃ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် ခွင့်ပြုထားသည့်ငွေပမာဏမှာ ၁၃ ဒသမ ၀၈ဘီလီယံ ဖြစ်သည်။
အဆိုပါတံတားအမျိုးအစားမှာ သံကူကွန်ကရစ်ဖြစ်ပြီး ယာဉ်သွားလမ်း ၄လမ်းသွားဖြစ်သည်။ တံတား အရှည်မှာ ၂,၀၅၉ ဒသမ ၅၅ပေ ရှိပြီး တံတားအကျယ်မှာ ၄၅ ဒသမ ၅၉ပေ ရှိသည်။
အေးချမ်းမွန် Credit To > Mizzima - News in Burmese
Post a Comment