0


ရန်ကုန် နိဝင်ဘာ ၆

လျှပ်စစ်မီတာခ တိုးမြင့် ကောက်ခံခြင်းကို ဆန်ကျင့်ဆန္ဒပြသည့် ဆူးလေဘုရားအနီးတွင် စီတန်းလမ်းလျှောက်သူ ၇ ဦးအနက် ၃ဦးကို ရဲက ဖမ်းဆီးသွားကြောင်း People Power သတင်းထောက်က သတင်းပေးပို့ထားသည်။

စဉ်ဆက်မပြတ် ဒီမိုကရေစီလှုပ်ရှားရေး အဖွဲ့ဝင်သုံးဦးဖြစ်သည့် ဦးတင်ထွန်းပိုင်၊ဦးဇေယျာလင်း၊ဦးသိန်းမြင့်အောင် သုံးဦး ကို ရဲကထိမ်းသိမ်းသွားကြောင်း ဦးဇေယျာလင်းနှင့် ဦးသိန်းမြင့်အောင်တို့ နှစ်ဦးကို ပန်ပဲတန်းရဲစခန်းမှလည်းကောင်း ဦးတင်ထွန်းပိုင်ကို ကျောက်တံတားရဲစခန်း ဖမ်းဆီးခဲ့ပြီး သုံးဦးစလုံးကို ပုဒ်မ ၁၈ ဖြင့်ထိမ်းသိမ်းခြင်းဖြစ်သည်။

တာဝန်ကျ ရဲအရာရှိတစ်ဦးက ပုဒ်မ ၁၈နှင့် ဖမ်းဆီးဖြစ်ပြီး လူစုလူဝေး ကွဲသွားလျှင် အာမခံနှင့် ပြန်လွတ်ပေးမည်ဟု အတည်ပြုပြောဆိုသည်။

စဉ်မပြတ် ဒီမိုကရေစီဖော်ရေး အဖွဲ့ဝင်များသည် ပန်းပဲတန်းမြို့နယ် သိမ်ကြီးဈေး၊သိမ်တော်ကြီးရှေ့ စတင် ငြိမ်းချမ်းစွာလမ်းလျှောက်ခဲ့ ပြီး မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံရှေ့တွင် ည ၇နာရီ၄၀ခန့်က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

အေးချမ်းမွန် Credit To >People powerhttps://www.facebook.com/excellencemedia

Post a Comment

 
Top