0

Tuesday, November 19, 2013

ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရာတွင် အရေးကြီးသည့်အချက်များကို ပြင်ဆင်နိုင်ရန် “ဖွဲ့စည်းပုံ အခြေ ခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ”ကို ဒေါ်အောင်ဆန်းစုကြည်က သတိပေး တိုက်တွန်း လိုက်သည်။

“ပြည်သူကို လူလည်လုပ်ပြီးတော့ ဘာမှ အရေးမကြီးတဲ့ ကိစ္စလေးတွေ ပြုပြင်ပြောင်းလဲပါလို့ ပြောတဲ့ ပုဂ်္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေဆိုတာ တိုင်းပြည်အပေါ်မှာ စေတနာမရှိဘူးလို့ပဲ ကျွန်မသတ်မှတ်ပါတယ်။ ဘာမှအရေးမကြီးတဲ့ ဟိုအချက်၊ ဒီအချက်ကလေးပဲ ပြောင်းပါရစေဆိုရင် အဲ့လိုလူတွေကို နောင် ဘယ် တော့မှ မဲမပေးနဲ့လို့ပဲ ကျွန်မ ပြောမယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာ ၁၈ ရက်နေ့ နေပြည် တော်၊ လက်ပံခါးလှရွာတွင် ပြုလုပ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ လူထုဟောပြောပွဲတွင် ပြော ကြားသွားခြင်းဖြစ်သည်။

ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးနန္ဒကျော်စွာ ဦးဆောင်လျက်ရှိပြီး ပြည်ထောင်စုကြံ့ခိုင်ရေး ပါတီမှ လွှတ်တော်အမတ်ဦးရေ အများဆုံးဖြင့် ဖွဲ့စည်းထားသည့် “ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံး သပ်ရေး ပူးပေါင်းကော်မတီ”ကို ရည်ညွှန်းကာ ပြောဆိုသွားခြင်း ဖြစ်သည်။ သို့သော် အရေးကြီးသည်ဟု ယူဆရသည့် အချက်များကိုမူ ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားသွားခြင်း မရှိပါ။

“ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ”ကို လွှတ်တော်အမတ် ၁၀၉ ဦးဖြင့် ဖွဲ့ စည်းထားရှိရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်ခုနစ်ဦးသာ ပါဝင်ရာ ဦးရေနည်းသည့် အတွက် စိုးရွံ့မှုမဖြစ်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

“ဒီကော်မတီမှာလည်း ကျွန်မတို့အဖွဲ့ဝင်တွေက အနည်းစုဖြစ်နေပေမယ့် ကျွန်မတို့ လုံးဝအားမငယ်ဘူး။ လုံးဝ မကြောက်ဘူး။ ကျွန်မတို့က အများစုအနေနဲ့ အပေါ်စီးကနေနေရမှ လုပ်ရဲတာမဟုတ်ဘူး”ဟု ပြော သည်။

လွှတ်တော်ကိုယ်စားလှယ် ၁၀၉ ဦးပါဝင်သည့် အဆိုပါကော်မတီကို ဇူလိုင်လအတွင်းက ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမတ် ၅၂ ဦးနှင့် တပ်မတော်သားအမတ် ၂၅ ဦးကျော်တို့ ပါဝင်ကာ အ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာမူ ကိုယ်စားလှယ်ခုနစ်ဦးဖြင့် ဖွဲ့စည်းခဲ့သည်။

ယင်းကော်မတီတွင် ဒုတိယအများဆုံး ပါဝင်နေသည့် တပ်မတော်သားများအနေဖြင့် တိုင်းပြည်အကျိုးကို ရှေ့ရှုသင့်သည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့သည်။

“တကယ်ပဲ တိုင်းပြည်အပေါ်မှာ စေတနာရှိတယ်ဆိုရင် တပ်မတော်ရဲ့အခြေအနေ၊ တပ်မတော်ရဲ့ အနေ အထားကို ပြန်ကြည့်စရာမလိုပါဘူး။ ကိုယ့်တိုင်းပြည် တောင့်လို့ရှိရင် တပ်မတော်က တောင့်မှာပါ။ ပြည် သူလူထုက ကိုယ့်ဘက်မှာ မားမားမတ်မတ် ရပ်လို့ရှိရင် ဘယ်တပ်မတော်မှ မယိမ်းယိုင်နိုင်ပါဘူးလို့ ကျွန် မပြောချင်တယ်”ဟု ပြောသည်။

လက်ရှိတွင် လွှတ်တော်အမတ် ၁၀၉ ဦး ပါဝင်သည့် အဆိုပါအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီအနေဖြင့် ဥပဒေပါ ပြင်သင့်သည့်အချက်များအား လာမည့်နှစ် ဇန်န၀ါရီလမကုန်မီ ပြည်ထောင် စုလွှတ်တော်သို့ တင်ပြရမည်ဟု ကြေငြာထားသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအထောက် အကူပြုအဖွဲ့မှ တရားလွှတ်တော်ရှေ့နေ ဦးကိုနီ၏ ပြောဆိုချက်အရမူ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပ ဒေ၌ ပြင်ဆင်ရန် အချက် ၁၀၀ ကျော်ရှိသည်ဟု ဆိုသည်။

စိုးသန်းလင်း၊ မင်းမင်း

အေးချမ်းမွန် Credit To >Mizzima - News in Burmese https://www.facebook.com/excellencemedia

Post a Comment

 
Top