0


နေပြည်တော်၊ နိုဝင်ဘာ ၎

မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှုများကို ထိန်းသိမ်းကြပ်မတ်ရန် မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ် ခြံစည်းရိုး ကာရံခြင်းလုပ်ငန်းမှာ ၅၃ ဒသမ ၉၁၁ မိုင်သာ ကျန်ရှိတော့ကြောင်း နယ်စပ်လုံခြုံရေးနှင့် တိုင်းရင်းသားရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်းက ပြောကြားသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ခြံစည်းရိုး ကာရံခြင်း လုပ်ငန်းကို ဘင်္ဂလား ပင်လယ်အော် နတ်မြစ်ဝမှ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက် ၁၆၈ ဒသမ ၅၆၈ မိုင်အထိ အပိုင်းလေးပိုင်းခွဲကာ ဆောင်ရွက်လျက် ရှိကြောင်း ၎င်းက ရှင်းပြသည်။
“ကျန်နေတဲ့ စတုတ္ထအဆင့် ၅၃ မိုင်ကျော်က သဘာဝ အတားအဆီး ရှိနေပါတယ်။ မလိုအပ်ပေမယ့် မဖြစ်မနေ ဆောင်ရွက်ရမယ် ဆိုရင်တော့ နိုင်ငံလုံခြုံရေးအတွက် ရန်ပုံငွေ ခွင့်ပြုရင် ဆက်ကာရံ သွားမယ်” ဟု ၎င်းကဆိုသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ခြံစည်းရိုး ကာရံခြင်း လုပ်ငန်းသည် ပထမအဆင့် ၃၈ ဒသမ ၁၁ မိုင်၊ ဒုတိယအဆင့် ၃၆ဒသမ ၆၆၁ မိုင်၊ တတိယအဆင့် ၃၉ ဒသမ ၈၈၁ မိုင်တို့မှာ ပြီးစီးသွားပြီ ဖြစ် ကြောင်း နယ်စပ်လုံခြုံရေးနှင့် တိုင်းရင်းသားရေးရာ ဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

တပ်မတော် (ရေ) ကလည်း နိုင်ငံတော် ပင်လယ်ပြင် နယ်နိမိတ်ဖြစ်သော အခြေခံ စည်းမျဉ်းမှ သီးသန့် စီးပွားရေးဇုန်အထိ ပင်လယ်ပြင်အတွင်း နိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲစေရန်၊ တရားဥပဒေ စိုးမိုးမှု ရရှိစေရန်၊ နိုင်ငံတော်၏ အမျိုးသား အကျိုးစီးပွားများကို ကာကွယ်စေရန် စစ်ရေးယာဉ်များဖြင့် ပုံမှန်တိုက်ကင်း လှည့်ခြင်းနှင့် ရှောင်တခင် တိုက်ကင်း လှည့်ခြင်းများဖြင့် ရေပြင်ပိုင်း လုံခြုံရေးကို ဆောင်ရွက်လျက် ရှိကြောင်း ဗိုလ်ချုပ်မောင်မောင်အုန်းက ပြောကြားသည်။

မြန်မာတစ်နိုင်ငံလုံးတွင် ရဲနှင့် ပြည်သူအချိုးမှာ ၁ အချိုး ၉၀၀ ရှိသော်လည်း ရခိုင်ပြည်နယ်တွင်မူ ၁ အချိုး ၅၀၀ ဖြင့် ဆောင်ရွက်လျက် ရှိကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

ရခိုင်ပြည်နယ် နပ်စပ်ဒေသတွင် န.စ.က ဖျက်သိမ်းပြီးနောက် လုံခြုံရေးအင်အား လစ်ဟာမှု ဖြစ်ပွားနေပြီး မြစ်ပေါက်၊ ချောင်းပေါက်များနှင့် ကင်းစခန်းများတွင် လုံခြုံရေး အပြည့်အဝ မချထားနိုင်ခြင်းကြောင့် ဒေသခံ တိုင်းရင်းသားများ စိုးရိမ် ကြောက်ရွံ့နေကြောင်း ရသေ့တောင် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောကြားသည်။

အေးချမ်းမွန် Credit To >The Voice Weeklyhttps://www.facebook.com/excellencemedia

Post a Comment

 
Top