0


လာမယ့် ၆လအတွင်း စတင်ရောင်းချဖို့ မျှော်မှန်းထားတဲ့ မိုဘိုင်းလ်ဖုန်းဆင်းကတ်တွေနဲ့ ငွေဖြည့်ကတ်တွေ မြန်မာနိုင်ငံအနှံ့ ရောက်ရှိစေဖို့ ဒေသခံစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ လက်တွဲသွားမယ်လို့ တယ်လီနော်မြန်မာက နိုဝင်ဘာ ၁၉ရက်နေ့မှာ ကြေညာလိုက်ပါတယ်။

လမ်းဘေးဆိုင်တွေမှာ ဆင်းကတ်နဲ့ ငွေဖြည့်ကတ်တွေ ဝယ်ယူနိုင်မယ့် အာရှဖြန့်ချိရေးစနစ်ကို နမူနာယူပြီး လက်တွေ့အကောင်အထည်ဖော်ဖို့ ဒေသခံလုပ်ငနှ်းရင်တွေကို မိတ်ဖက်အဖြစ် လက်တွဲဆောင်ရွက်မှာဖြစ်တယ်လို့ ကုန်သည်ကြီးများဟိုတယ်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

ခေတ်မီ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းကနေ ကောင်းမွန်တဲ့ စီးပွားရေးပတ်ဝန်းကျင်ကို အကျိုးရှိစေဖို့ မြန်မာလုပ်ငန်းရှင်တွေ ပါဝင်စေချင်တယ်လို့ ဆိုပါတယ်။ ဆက်သွယ်ရေး ကွန်ရက်တည်ဆောက်ပြီး လုပ်ငန်းစတင်ချိန်ကနေ ၅နှစ်အတွင်း လက်လီအရောင်းဆိုင်ပေါင်း တစ်သိန်းပါဝင်တဲ့ ဖြန့်ချိရေးကွန်ရက်ကို အကောင်အထည်ဖော်မှာဖြစ်လို့ တယ်လီနော်မြန်မာ အင်တာနက်စာမျက်နှာကနေ လျှောက်လွှာတင်လို့ ရပြီလို့ ဆိုပါတယ်။

ဆယ်သွယ်ရေးဝန်ဆောင်မှုအဖြစ် လိုင်စင်ရဖို့စောင့်ဆိုင်းနေဆဲ တယ်လီနော်မြန်မာနဲ့ Ooredoo မြန်မာ ကုမ္ပဏီ နှစ်ခုဟာ ဒီဇင်ဘာလမှာ လိုင်စင်ရဖို့ မျှော်လင့်နေပြီး လာမယ့် ဇွန်လမှာ 2G နဲ့ 3G ဆင်းကတ်တွေကို စတင်ရောင်းချမယ်လို့ ခန့်မှန်းထားကြပါတယ်။

အေးချမ်းမွန် Credit To >Kamayut Mediahttps://www.facebook.com/excellencemedia

Post a Comment

 
Top