0


Sunday, 24 November 2013

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့တွင် နိုင်ငံ၏ ပထမဆုံး အမျိုးသမီး သီးသန့်ဘဏ် တစ်ခုကို အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန်ဆင်း ကိုယ်တိုင် ယခုသီတင်းပတ် အတွင်းက ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

Bharatiya Mahila အမည်ရှိ အဆိုပါ ဘဏ်တွင် ဘဏ်ခွဲ ခုနစ်ခုရှိပြီး အမျိုးသမီး ဝန်ထမ်း များကိုသာ ရွေးချယ်ခန့်အပ် ထားသည်။ ယင်းဘဏ်တွင် အမျိုးသမီးများသာ ငွေအပ်နှံခွင့်နှင့် ချေးငှားခွင့် ရှိကြောင်း သိရသည်။

အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန်ဆင်းသည် Bharatiya Mahila ဘဏ်၏ ပထမဆုံး ဘဏ်ခွဲကို မွမ်ဘိုင်းမြို့ရှိ Air India အဆောက်အအုံတွင် နိုဝင်ဘာ ၁၉ ရက်၌ ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

၂ဝ၁၇ ခုနှစ် အရောက်တွင် ယင်းကဲ့သို့ အမျိုးသမီး သီးသန့်ဘဏ်ခွဲ ၅ဝဝ ကို ဖွင့်လှစ်နိုင်ရန် အစိုးရက စီစဉ်ထားသည်ဟု သိရသည်။

အေးချမ်းမွန် Credit To > မြ၀တီ
2

Post a Comment

 
Top