0


ကျွန်းစုမြို့နယ် အတွင်းရှိ ကျေးရွာများကို ကမ္ဘာ့ဘဏ်က မကြာမီ ထောက်ပံ့ပေးမည့် အစီစဉ်များ စတင်တော့မည်ဖြစ်ပြီး တာဝန်ရှိသူများမှာ လာရောက်ကွင်းဆင်း လေ့လာမှုများ ဆောင်ရွက်နေပြီဖြစ်ကြောင်း ကျွန်းစုဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာမှ ညွန်ကြားရေးမှူး ဦးခန့်ဇော်နှင့် ကမ္ဘာ့ဘဏ်မှ တာဝန်ရှိသူ သုံးဦးပါဝင်သော ၁၅ ဦးအဖွဲ့မှာ နိုဝင်ဘာ ၁၈ နှင့် ၁၉ ရက်များတွင် ကျွန်းစုမြို့နယ် အတွင်းရှိ ကျေးရွာများသို့ ကွင်းဆင်းလေ့လာခဲ့ပြီး ဒေသခံများနှင့် တွေ့ဆုံဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

"နိုဝင်ဘာ ၁၈ ရက်က ကျွန်းစုမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တွေ့ဆုံခဲ့ပြီး ကတ္တလူ ကျေးရွာမှာ ဒေသခံများနှင့် တွေ့ဆုံပါတယ်။ ထိန်ချောင်းကျေးရွာ၊ န၀ရတ်ရေအိုင်နှင့် ရေကာတာတွေကို ကြည့်ရှုလေ့လာ ခဲ့တယ်။ သူတို့ပြောတာကတော့ ရွာသူ/သားတွေ အနေနှင့် ရွာလုံးကျွတ် အစည်းအဝေး ခေါ်ယူပြီး ငွေကြေးတွေကို ရယူပြီး စီမံခန့်ခွဲ သုံးစွဲမယ့် ကော်မတီကို ဖွဲ့စည်းဖို့ လိုမယ်။ တကယ်လို့ ဖွဲ့စည်းထားပြီးသား ကော်မတီကို ကျေးရွာသားတွေ ကျေနပ်ရင် ဒီအတိုင်း ထားရှိနိုင်ပါတယ်။ အဓိက အချက်ကတော့ သူတို့ပေးမယ့် ငွေကြေးကို ရိုးသားစွာ လုပ်ဆောင်မယ့် ကော်မတီဖြစ်ဖို့ လိုပြီး၊ တကယ်လို့ ထောက်ပံ့ပေးမယ့် ငွေကြေးကို ကျေးရွာအုပ်စု တစ်ခုစီက ကော်မတီတွေ အနေနှင့် မရိုးမသား လုပ်တာတွေ့ရှိခဲ့ရင် ထောက်ပံ့မှု ဆက်လက်လုပ်ဆောင် ပေးတော့မှာ မဟုတ်ကြောင်း ဒေသခံတွေကိုလည်း အစီအစဉ်နှင့် ပတ်သက်ပြီး သင်တန်းတွေ ပို့ချပေးမယ်။ ငွေကြေးထောက်ပံ့မှုကိုတော့ ဒီဇင်ဘာလအကုန် ဇန်န၀ါရီလလောက်မှာ ဖြစ်နိုင်ကြောင်း ပြောခဲ့ပါတယ်" ဟု ကတ္တလူ ကျေးရွာသား တစ်ဦးက ပြောကြားသည်။

အဆိုပါ အဖွဲ့မှာ နိုဝင်ဘာ ၁၉ ရက်တွင် လယ်တောရွာပိုင်းများသို့လည်း သွားရောက်ခဲ့ကာ ဒေသခံများ၏ အလုပ်အကိုင်၊ ဒေသထွက်ကုန်များ၊ နေထိုင်မှုပုံစံနှင့် ၀င်ငွေအနေထားများကို လေ့လာခဲ့ကြောင်း ကျွန်းစုမြို့နယ် အတွင်းရှိ ဒေသခံများက ပြောကြားသည်။ ကျွန်းစုမြို့နယ်မှာ တနင်္သာရီတိုင်း ဒေသကြီးအတွင်း ဖွံ့ဖြိုးမှု အားအနည်းဆုံးအဖြစ် သတ်မှတ်ခံထားရပြီး ကျေးရွာအုပ်စု ၂၀ အား ကမ္ဘာ့ဘဏ်မှ ထောက်ပံ့မှုများ ပေးအပ်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

ကမ္ဘာ့ဘဏ် အနေဖြင့် လူထုအခြေပြု ဖွံ့ဖြိုးရေး အမျိုးသား စီမံကိန်းများ (CDD = Community Drive Development) ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံ အတွင်းရှိ ဖွံ့ဖြိုးမှု အားအနည်းဆုံး ကျေးရွာပေါင်း ၆၄၀ ကို အမေရိကန်ဒေါ်လာ သန်း ၈၀ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ် အတွင်းရှို ဆလုံတိုင်းရင်းသားများ နေထိုင်သည့် ကျေးရွာအား တွေ့ရစဉ်

အေးချမ်းမွန် Credit To >Eleven Media Group https://www.facebook.com/excellencemedia

Post a Comment

 
Top