Acer ကုမ္မဏီမှ ဈေးသက်သာ Laptop ဖြစ်တဲ့ Acer Chromebok C270 ကိုမိတ်ဆက်ပြသလိုက်ပြီ ဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာ ၁၉၉.၉၉ ဒေါ်လာဖြစ်ပြီး မြန်မာငွေနဲ့ တွက်ရင်တောင် ငွေ ၂ သိန်း မကျော်တဲ့ Notebook ဖြစ်ပါတယ်။
ယမန်နှစ် ဗားရှင်းတုန်းက အမေရိကန်ဒေါ်လာ ၂၄၉.၉၉ ဖြစ်ပြီး ဒေါ်လာ ၅၀ ကွာသွားရတဲ့ အဓိက အကြောင်းအရင်းက RAM 4GB ကနေ 2GB ဖြစ် သွားခြင်းသာ ဖြစ်ပါတယ်။ ကျန်တဲ့ အစိတ်အပိုင်း အားလုံး အတူတူပါပဲ။ Intel Celeron Processor, ၈.၅ နာရီခံ ဘက်ထရီ နဲ့ ၁၁.၆ လက်မ အရွယ် 1366x768 resolution ပေး မျက်နှာပြင်တို့ကို မြင်တွေ့ရ မှာ ဖြစ်ပါတယ်။ Storage က 16 GB ရှိပါတယ်။
Chrome OS ကိုပဲ အသုံးပြုထားခြင်းပါ။ အင်တာနက် အသုံးပြုဖို့အတွက် အဓိက ရည်ရွယ်တဲ့ ပေါ့ပေါ့ပါးပါး OS ဖြစ်ပါတယ်။ လပ်တော့မှာ Optical Drive မပါဝင်လာပါဘူး။ သို့ပေမယ့် USB 2.0 နဲ့ 3.0 ပေါက်များပါဝင် ပါတယ်။ HDMI Port ပါဝင်ပါတယ်။ Acer လိုပဲ HP, Samsung တို့ကလည်း Chromebook ကို အပြိုင်ထုတ်လျက် ရှိပါတယ်။
Acer ရဲ့  နောက်ဆုံးထွက် C270 Cromebook ကို ၂၀၁၄ နှစ်ဆန်းပိုင်းမှာ ဝယ်ယူရရှိ နိုင်မှာ ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: mashable
အောင်ခမ်း ( ရိုးရာလေး )
အေးချမ်းမွန် Credit To >YoYarLay

Post a Comment