By mmweather.ygn, on November 9th, 2013
http://blog.mmweather.com/2013/11/09/30w-lpa-andaman-sea-followup/
နေ့လည် ၁၂း၃ဝ နာရီ - တောင်တရုတ်ပင်လယ်မှ တစ်ဆင့် ကပ္ပလီပင်လယ်ပြင်သို့ ရောက်ရှိလာသည့် လေဖိအားနည်းရပ်ဝန်း 30W သည် မြန်မာနိုင်ငံ ကိုကိုးကျွန်းလေဆိပ်၏ အရှေ့တောင်ဘက် ၇ဝ မိုင်ခန့်၊ ဖျာပုံမြို့၏ အနောက်တောင်ဘက် ၂၂၆ မိုင်ခန့်၊ ထားဝယ်မြို့ အနောက်ဘက် ၂၈ဝ မိုင်ခန့်အကွာ ပင်လယ်ပြင်တွင် ဗဟိုပြုနေပြီး ဗဟိုလေတိုက်နှုန်း 25 knots(28.76 mph) ရှိကာ ဖိအား 1004 hPa တွင် ဆက်လက် တည်ရှိနေကြောင်း နောက်ဆုံးရရှိသည့် အချက်အလက်များအရ သိရပါသည်။(ပုံ)
30W သည် အနောက်ဘက်(Heading 275 degrees) သို့ တစ်နာရီ ၁၁ မိုင်နှုန်းခန့်ဖြင့် ရွေ့လျားခဲ့ပြီး မူလ ခန့်မှန်းချက်အတိုင်း အန်ဒါမန်ကျွန်းမြောက်ပိုင်းအား ယနေ့ ညနေပိုင်းတွင် ဖြတ်ကျော်၍ ဘင်္ဂလားပင်လယ်အော်သို့ ရောက်ရှိမည်ဖြစ်ကြောင်း ခန့်မှန်းရပါသည်။
လေဖိအားနည်းရပ်ဝန်း 30W(THIRTY)
09 Nov 2013 0600Z
Location: 13.4 94.1
Winds: 25 knots
Central Pressure: 1004 hPa
နံနက် ဝ၆း၃ဝ နာရီ - တောင်တရုတ်ပင်လယ်မှ တစ်ဆင့် ကပ္ပလီပင်လယ်ပြင်သို့ ရောက်ရှိလာသည့် လေဖိအားနည်းရပ်ဝန်း 30W သည် မြန်မာနိုင်ငံ ကိုကိုးကျွန်းလေဆိပ်၏ အရှေ့တောင်ဘက် ၁၂၅ မိုင်ခန့်၊ ဖျာပုံမြို့၏ တောင်-အနောက်တောင်ဘက် ၂၁ဝ မိုင်ခန့်၊ ထားဝယ်မြို့ အနောက်ဘက် ၂၁၅ မိုင်ခန့်အကွာ ပင်လယ်ပြင်တွင် ဗဟိုပြုနေပြီး ဗဟိုလေတိုက်နှုန်း 25 knots(28.76 mph) ရှိကာ ဖိအား 1004 hPa သို့ ကျဆင်းလာကြောင်း နောက်ဆုံးရရှိသည့် အချက်အလက်များအရ သိရပါသည်။
အေးချမ်းမွန် Credit To >MMweather Page
Post a Comment