ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အိုဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့မှာ ယခုလ ၃၀ရက်နေ့ကနေ နိုဝင်ဘာလ ၁ရက်နေ့အထိ ကျင်းပမယ့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲအတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ခေါင်းဆောင်တွေရဲ့ ညီလာခံကို တက်ရောက်ဖို့ ညီညွတ်သောတိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ - UNFC အဖွဲ့ဝင်တွေဟာ ဒီနေ့ညနေပိုင်းက မြစ်ကြီးနားမြို့ကို ရောက်လာပါတယ်။
အဲဒီ UNFC အဖွဲ့က အဖွဲ့ဝင် ၁၂ ဦးဟာ မနက်ဖြန်မှာ လိုင်ဇာမြို့ကို ဆက်လက်ထွက်ခွာမှာ ဖြစ်တယ်လို့ မြစ်ကြီးနားမြို့ အခြေစိုက် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့
"ဒီနေ့ရောက်လာတဲ့ UNFC အဖွဲ့ ၁၂ ဦး က ဒီကနေ့ ရောက်ရှိလာပါတယ်။ဦးနိုင်ဟံသာတိ
လိုင်ဇာမှာ ပထမဆုံးအကြိမ် ပြုလုပ်မယ့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေရဲ့ ညီလာခံ( Ethnic Armed Groups Conference)ကို မြန်မာတစ်နိုင်ငံလုံးက လက်နက်ကိုင်အဖွဲ့ ၁၉ ဖွဲ့ တက်ရောက်မယ်လို့ သိရပါတယ်။
တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုး
အဲဒီလို ညီလာခံကျင်းပတာဟာ ဒီလဆန်းပိုင်းက အစိုးရနဲ့ ကေအိုင်အိုကိုယ်စားလှယ်တွေရဲ့ မြစ်ကြီးနားမြို့ ဆွေးနွေးပွဲမှာ သဘောတူခဲ့ကြတဲ့ အချက် ၇ ချက်ထဲက ကေအိုင်အိုအဖွဲ့ရဲ့ တောင်းဆိုမှုကို
အကောင်အထည်ဖော်နိုင်တာဖြစ်ပါတယ်
အေးချမ်းမွန် Credit To > RFA Burmese
Post a Comment