တနင်္သာရီတိုင်း ထားဝယ်မြို့ ဆန်ချီရပ်ကွက် ၊ ကမြော်ကင်းလမ်းဘေးက အစိုးရက သိမ်းယူထားတဲ့ လယ်မြေတွေမှာ တိုင်းဒေသကြီး အစိုးရ နဲ့ ၀န်ထမ်းအိမ်ယာတွေ ဆောက်လုပ်ဖို့အတွက် ဆိုပြီး ခြံစည်းရိုးတွေ စတင်ဆောက်လုပ်နေတယ်လို့ သိရပါတယ်။
အဲဒီ လယ်မြေတွေဟာ စိုက်ထားပြီးသား စပါးခင်းတွေဖြစ်တာကြောင့် စိုက်ပျိုးထားတဲ့ တောင်သူတွေ အတွက် ဆုံးရှုံးမှု အများအပြားရှိတယ်လို့ ထားဝယ်မြို့ ၈၈မျိုးဆက် လူ့အခွင့်အရေးကွန်ရက်အဖွဲ့က ကိုသန်းဝင်းက ပြောပါတယ်။
ဒီလယ်မြေတွေဟာ ၁၉၉၀ခုနှစ်ကတည်းက အရင်စစ်အစိုးရလက်ထက်က သိမ်းယူထားတဲ့ လယ်မြေတွေဖြစ်ပြီး အခုနှစ် ဘဏ္ဍာနှစ်အတွင်း နိုင်ငံတော်ပိုင်စီမံကိန်း အဆောက်အဦးတွေဆောက်လုပ်ဖို့ လုပ်ငန်းစတင်တဲ့အနေနဲ့ လုပ်ဆောင်တာ ဖြစ်တယ်လို့ ခရိုင်အုပ်ချုပ်ရေးမှုး ဦးကျော်ဆွေက ပြောပါတယ်။
အဲဒီ အစိုးရ အဆောက်အအုံ စီမံကိန်းအတွက် ကန်ထရိုက်စနစ်နဲ့ လယ်မြေဧက ၄၀၀ ကျော်ကို အသုံးပြုသွားမှာဖြစ်တယ်လို့လည်း
လက်ရှိအဲဒီလယ်မြေတွေမှာ စိုက်ပျိုးနေတဲ့ တောင်သူတွေကလည်း နှစ်စဉ် အစိုးရဆီလယ်ခွန်တွေ ပေးဆောင်ထားရတယ်လို့လည်း တောင်သူတွေက ပြောပါတယ်။
အေးချမ်းမွန် Credit To > RFA Burmese
Post a Comment