Friday, October 25, 2013
လူသန်းပေါင်းခြောက်ဆယ်ထဲ မှာအောင်မြင်ကျော်ကြားတဲ့သူ တစ် ယောက်ဖြစ်ဖို့ဆိုတာက တကယ်ကို မလွယ်လှတဲ့ကိစ္စရပ်ပါ
။အောင်မြင် ကျော်ကြားသူတွေမှာ ဘယ်လိုကိုယ် ရည်ကိုယ်သွေးတွေ ပိုင်ဆိုင်ထားလဲ၊ သူတို့ကဘယ်လို အကြောင်းအရာ တွေပေါ်မှာအသေး
စိတ် အာရုံစိုက် ပြင်ဆင်ထားလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။
ကိုယ့်ကိုယ်ကိုယ် အောင်မြင်လာတာ ဘာကြောင့်လို့ထင်လဲ
အခုထက်ထိလည်း ကိုယ့်ကိုယ် ကိုယ်အရမ်းအောင်မြင်နေတယ်ဆို ပြီး စိတ်ထဲမှာမထားဘူး။ တတ်နိုင် သလောက် စက်အဖွဲ့ပဲဖြစ်ဖြစ်၊ ဘယ်သူပဲဖြစ်ဖြစ် အကုန်လုံးကို ကောင်းကောင်းမွန်မွန်နဲ့ဆက်ဆံ တယ်။ ပြီးတော့ မိဘကိုလည်း ရို သေတယ်။ အလုပ်အပေါ်မှာလည်း ရိုးသားတယ်။ အဲဒါလေးတွေက အောင်မြင်ဖို့ပံ့ပိုးပေးတဲ့အရာလေး တွေလို့ထင်ပါတယ်။
ကိုယ့်ကို ပရိသတ်တွေက ဘာ ကြောင့် ကြိုက်တယ်လို့ထင်လဲ
တော်တော်များများပြောကြ တာက မျက်နှာချိုတယ်လို့ပြောကြ တယ်။ ပရိသတ်ကိုရယ်ပြ၊ ပြုံးပြပြီး ပရိသတ်ချစ်အောင်လုပ်လို့လည်း ကိုယ့်ကိုချစ်တယ်လို့ ထင်ပါတယ်။
ကိုယ့်ရဲ့ခန္ဓာကိုယ်မှာ လှတယ် ဆိုပြီး ကိုယ်သတ်မှတ်ထားတဲ့ ခန္ဓာ ကိုယ်အစိတ်အပိုင်းကဘာလဲ
တော်တော်များများပြောကြ တာက အပြုံးလို့ပြောကြတယ်။ အ ကုန်လုံးကပြုံးရင်အရမ်းချစ်ဖို့ကောင်း တယ်၊ လှတယ်လို့ပြောကြတယ်။ ကိုယ့်ခန္ဓာကိုယ်ကို စိတ်တိုင်းမကျ တာတော့မရှိပါဘူး။ ဘုရားပေး ထားတဲ့ဒီခန္ဓာကိုယ်၊ ဒီမျက်နှာ အ ကုန်လုံးကိုကျေနပ်ပါတယ်။
လျှို့ဝှက်တတ်တဲ့အမူအကျင့် တွေရောရှိသေးလား
လျှို့ဝှက်လုပ်တတ်တာက လက်ဘေးနားကအသားလေးတွေ ကိုခွာတာအရမ်းဝါသနာပါတယ်။ အမေကလည်းပြောတယ်။ လက် ကလည်း အမြဲတမ်းခွာနေလို့ စုတ် ပြတ်သတ်နေတာပဲတဲ့။ စိတ်အရမ်း လှုပ်ရှားရင်ပဲဖြစ်ဖြစ်၊ အတွေးတစ် ခုခုတွေးနေရင်ပဲဖြစ်ဖြစ် အမြဲတမ်း အဲဒီလိုလုပ်တာက အကျင့်တစ်ခုဖြစ် နေတယ်။
တစ်ယောက်တည်းရှိရင် အ များဆုံးလုပ်တတ်တဲ့အမူအကျင့်က
သီချင်းနားထောင်တာများ တယ်။ ရုပ်ရှင်ကြည့်ရတာဝါသနာပါ တယ်။ အဲဒါလေးတွေတော့ တစ် ယောက်တည်းနေရင်လုပ်ဖြစ်တယ်။
ရှူတင်မိတ်ကပ်လိမ်းရတဲ့အ ခါမှာရော သဘောကျလား
ရှုတင်မိတ်ကပ်လိမ်းရတာမ ကြိုက်ဘူး။ ရှုတင်မရှိတဲ့အချိန်တွေ ဆိုရင် မျက်နှာပြောင်ပဲနေတယ်။ အပြင်မှာလည်း မျက်နှာပြောင်ပဲနေ ချင်တယ်။ အမေကတော့ သမီး ရယ် နည်းနည်းပါးပါးလိမ်းပါဆိုပြီး အတင်းလိမ်းခိုင်းရတယ်။ မပန်(ဆု ပန်ထွာ)ဆိုရင်လည်း သဲသဲရယ် အပြင်လေးဘာလေးသွားရင်လိမ်း ပါ၊ ကိုယ်ကမင်းသမီးပဲဆိုပြီးပြော ယူရတယ်။ ပြင်ပြင်ဆင်ဆင်လှလှ ပပနေရတာဝါသနာမပါဘူး။ မိတ် ကပ်လိမ်းတဲ့အခါ ခက်တာက မျက် တောင်တုတပ်ရတဲ့အလုပ်ပဲ။ အခု ကလည်း မျက်တောင်တုတပ်တာ အရမ်းခေတ်စားလာတယ်ဆိုတော့ တပ်ရတယ်။
ဒါရိုက်တာက ဒိုင်ယာလော့ခ် တွေချပေးရင်ရော လွယ်လွယ်ကူကူ နဲ့ ရတတ်သူလား
တစ်ခါတလေလည်း ဒိုင်ယာ လော့ခ်တွေကိုလွယ်လွယ်နဲ့ရတတ် တယ်။ အရမ်းခက်တဲ့ဒိုင်ယာလော့ခ် တွေဆိုရင်တော့ ကျက်ရတာပေါ့။ တော်ရုံ
တန်ရုံကျတော့လည်း ကိုယ့် သက်တမ်းက ကိုးနှစ်ကျော် ဆယ် နှစ်နီး
ပါးမှာရှိတဲ့အတွက် ဒီဟာတွေ ကပြောနေကျစကားတွေဖြစ်တဲ့အ တွက် ချက်ချင်းချပေးရင် ချက်ချင်း ပြောတာတော့ရနေပြီပေါ့။
အေးချမ်းမွန် Credit To >8 DAYS A WEEK ENTERTAINMENT
Post a Comment