0

ခွန်နေ(AMMG)

အမှတ်တမဲ့ကြည့်လိုက်ရင်တော့ Batman ရုပ်ရှင်ထဲက ဆိုင်ကယ်လိုလို၊
ကားလိုလို အသွင်အပြင်ဒီဇိုင်းက ခပ်မိုက်မိုက်လို့ဆိုရမှာပါ။ ပြင်သစ် ဒီဇိုင်
နာ အဖွဲတွေ တည်ဆောက်ထားတဲ့ အဆိုပါဆိုင်ကယ်ကို Ferrari Motor က
ထုတ်တဲ့ ၃.၀ လီတာ၊ ဆလင်ဒါ ၈ လုံး၊ V အင်ဂျင်ပုံ နှင့် ဂီယာဘောက်စ်
ကိုတော့ BMW M3 အမျိုးအစားဖြစ်တဲ့ ဂီယာခြောက်ချက် အမျိုးအစား
ဖြစ်တဲ့ six-speed sequential gear box ကိုအသုံးပြုထားပါတယ်။


လေးဘီးတပ်ဆိုင်ကယ်ဖြစ်ပြီး အနောက်ဘီးကို အတွင်းပိုင်းကျကျတည်
ဆောက်ကာ အရှေ့ဖက်ဘီးကိုတော့ ကွေ့ရ၊ကောက်ရလွယ်ကူစေအောင်
အကွာအဝေးအနည်းငယ်ခြား တည်ဆောက်ထားတာကို မြင်တွေ့ရမှာပါ။
Ferrari နဲ့ BMW ထုတ်အစိတ်အပိုင်းတွေနဲ့ ဖက်စပ်ထုတ်လုပ်ထားတဲ့
အဆိုပါဆိုင်ကယ် လက်ရှိကာလပေါက်ဈေး အမေရိကန်ဒေါ်လာ ၂.၅ သိန်းလောက်ကျသင့်မယ်လို့ သိရပါတယ်။

Ref:hiconsumption

အေးချမ်းမွန် Credit To > Guide Magazinehttps://www.facebook.com/excellencemedia

Post a Comment

 
Top