19-10-2013 သူရိယအလင်း ဂျာနယ်တိုက်ကို လူတစုက အောက်တိုဘာ ၁၈ ရက်နေ့ ညသန်းခေါင်မှာ ရောက်လာပြီး ဂျာနယ်တိုက်က ကွန်ပျုတာ ၁၄လုံးကို ယူဆောင်သွားခဲ့ပါတယ်၊ စီစီတီဗွီလုံုံခြံရေး ကင်မရာကိုလည်း
ဖြုတ်ယူသွားခဲ့တယ်လို့ ဆိုပါတယ်။ သူရိယ အလင်းဂျာနယ် တိုက်ရဲ့ နောက်ဆုံးထုတ် ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ မော်စကိုမှာ သာတဲ့လ ဆောင်းပါးနဲ့ မြင်းခွာတချက်ပေါက်ရင်
မီးဟုန်းဟုန်းတောက်စေရမယ်ဆိုတဲ့ စာသားပဲ ရွှေပေါ်မြတင် ညီလေးများထံသို့ ပေးစာနဲ့ ဆက်စပ်မှု ရှိနိုင်ကြောင်း သူရိယအလင်း ဂျာနယ်ရဲ့ ဗဟိုအလုပ်အမှုဆောင် အရာရှိချုပ် ဦးမိုးဝေက ပြောပါတယ်။
အေးချမ်းမွန် Credit To >DVB TV News
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.