0

အစိုးရ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုးဦးစီးဌာနဟာ ၂၀၁၀မတိုင်ခင်က
ရှိခဲ့တဲ့ ကိုယ်ပိုင်ကား အရည်အတွက်စုစုပေါင်းရဲ့ တစ်ဝက်နီးပါး မှတ်ပုံတင်
ဖျက်သိမ်းပြီးဖြစ်တယ်လို့ ဦးစီးဌာန သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ ၂၀၀၉-၁၀ စာရင်းဇယားတွေအရ မြန်မာနိုင်ငံမှာ ကိုယ်ပိုင်မော်တော်ကား အစီးရေ၂၄၆၀၀၀ နီးပါး ရှိခဲ့ပါတယ်။ အစိုးရသစ် တက်လာပြီးနောက်
သက်တန်းကြာမြင့်နေပြီဖြစ်တဲ့ ယာဉ်အိုယာဉ်ဟောင်းတွေကို မှတ်ပုံတင်ဖျက်သိမ်း သံရည်ကြိုစက် ပို့နေတာ အစီးရေ ၁၁၀၀၀၀ ကျော်
ရှိပြီဖြစ်တဲ့အတွက် ၂၀၁၀ မတိုင်ခင်က ကားစုစုပေါင်းရဲ့ ၄၅ ရာခိုင်နှုန်းကို ဖျက်သိမ်းလိုက်ပြီး ဖြစ်ပါတယ်။ လက်ရှိ နဂိုလက်ကျန်ကား၊ အစားထိုးတင်သွင်းလာတဲ့ကား၊ ပါမစ်အသစ်လျောက်ပြီးတင်သွင်းလာတဲ့
ကား စုစုပေါင်း ကိုယ်ပိုင်ကား အစီးရေ ၃သိန်းခွဲဝန်းကျင်
ရှိလာပြီဖြစ်ပေမယ့် လူ ၁၀၀၀ မှာ ၆ ယောက်လောက်ပဲ ကားပိုင်ဆိုင်တာကြောင့်အာစီယံနိုင်ငံတွေထဲမှာ ကားပိုင်ဆိုင်မှု အနည်းဆုံး နိုင်ငံထဲမှာ ပါဝင်နေဆဲ ဖြစ်ပါတယ်။

အေးချမ်းမွန် Credit To > DVB TV Newshttps://www.facebook.com/excellencemedia

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top