0


၁။ မဟာဓာတ်အားလိုင်းမှ ဓာတ်အားကို လက်ခံ၍အများပြည်သူသို့ ဓာတ်အားဖြန့်ဖြူးပို့ လွှတ်ထား သော သာကေတပင်မဓာတ်အားခွဲရုံရှိ ၂၃ဝ/ ၃၃ ကေဗွီ (၁ဝဝ)အမ်ဗွီအေထရန်စဖော်မာ၏ (၃၃)ကေဗွီဗို့အားအထွက် အပိုင်းတွင် လွန်းဖွာနေသောဓာတ်အားလိုင်းကြိုးများအား အစားထိုးအသစ် လဲလှယ်ခြင်း၊ ယာယီအစားထိုးတပ်ဆင်ထားသော လျှပ်စီးတိုင်းထရန်စဖော်မာ သုံးလုံးအား အသစ်ဖြင့်လဲ လှယ်ခြင်း၊ စမ်းသပ်စစ်ဆေးခြင်းတို့ကို အရေးပေါ် ဆောင်ရွက်ရန်လိုအပ်နေပါသည်။

၂။ သို့ပါ၍သာကေတပင်မဓာတ်အားခွဲရုံတွင် ဖော်ပြပါလုပ်ငန်းများအား ဓာတ်အားပိတ်ဆောင် ရွက်ရမည်ဖြစ်ရာ အောက်ပါနေ့ရက်၊ အချိန်တွင် ဓာတ်အားပြတ်တောက်မှုများရှိမည်ဖြစ်ပါကြောင်း ဓာတ်အားပြတ်တောက် မည့်နေရာဒေသများတွင် နေထိုင်သူအများပြည်သူများအား အသိပေးအပ် ပါသည်။

သာကေတပင်မဓာတ်အားခွဲရုံရှိ ၂၃ဝ/၃၃ ကေဗွီ (၁ဝဝ)အမ်ဗွီအေ ထရန်စဖော်မာအမှတ်(၂)ကို ၂၇.၁ဝ.၂ဝ၁၃ ရက် (တနင်္ဂနွေနေ့) နံနက် ဝ၉းဝဝ နာရီမှ ၁၅းဝဝ နာရီအထိဓာတ်အား ပိတ်ထားမည်ဖြစ်ရာ-

(က) သာကေတမြို့နယ်နှင့်ဒေါပုံမြို့နယ်တို့၏ ရပ်ကွက်များတွင် လည်းကောင်း၊

(ခ) သင်္ဃန်းကျွန်းမြို့နယ်ရှိ

ဇဝန၊ ဆ/က၊ ဗိုလ်ကံညွန့်၊ လေးဒေါင့်ကန်၊ င/က၊ မိချောင်း ကန်၊ ဝေဇယန္တာ၊ သာဓု၊ ဆယ်သိန်း၊ နနွန်းကုန်း၊ ရန်အောင်၊ ကမှဃအထိရပ်ကွက်များ၊ ရန်ကုန်သစ်တခြမ်း၊ င/ခရပ်ကွက်၊ မေခ၊ မလိခအိမ်ရာ၊ ငမိုးရိပ်၊ စံပြ၊ ပြည်ထောင်စုရိပ်မွန်၊ ပင်လုံ၊ ကြီးပွားရေးတောင်/မြောက်၊ ကမ်းသာယာ နှင့်ဣစ္ဆိတံအိမ်ရာတို့တွင် လည်းကောင်း၊

(ဂ) ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်

(၁ဝ)၊ (၂၈)၊ (၂၉)၊ (၃ဝ)၊ (၃၈)၊ (၄၅)၊ (၄၃)၊(၁၆) ရပ်ကွက်တို့ တွင် လည်းကောင်း၊

(ဃ) ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်

ကွေ့မအိမ်ရာ၊ တော့စတားအိမ်ရာ၊ အင်းဝအိမ်ရာ၊ (၁၈)၊(၁၉)၊ (၂ဝ)၊(၂၁) ၊(၂၂)၊(၂၄)၊(၂၅)၊(၂၆)၊(၅၃)၊(၅၅)၊ (၅၆)၊(၅၇)၊(၆၄)၊ (၆၅)၊(၇ဝ)၊(၇၂)၊(၁ဝ၅)၊(၁ဝ၆)၊(၁ဝ၇)တို့တွင် လည်းကောင်း ခြောက်နာရီကြာ ဓာတ်အားပြတ်တောက်မည်ဖြစ်ပါသည်။

၃။ ယင်းသို့ ဓာတ်အားပြတ်တောက်၍ လုပ်ငန်းဆောင်ရွက်ရခြင်းသည် ဓာတ်အားပေးနေ စဉ်ကာလအတွင်း ချွတ်ယွင်းအားနည်းမှုဖြစ်ပေါ်နေသည့် နေရာများမှ အပြစ်ဖြစ်ပေါ်ခဲ့ပါက ပျက်စီးဆုံးရှုံးမှုပိုများပြီး ပြုပြင်ရန်အချိန် ပိုကြာခြင်း၊ မလိုလားအပ်သောဓာတ်အားစနစ်အတွင်း တည်ငြိမ်မှုထိခိုက် ခြင်းကို ဖြစ်ပေါ်စေနိုင်ခြင်းတို့ကြောင့် ကြိုတင်ဆောင်ရွက်ရခြင်းဖြစ်ပါ ကြောင်း၊ ဓာတ်အားပြတ်တောက်မှုကြောင့် လူမှုရေးအခက်အခဲများ ပေါ်ပေါက်နိုင်မှုအပေါ် အနူးအညွတ် တောင်းပန်ပါကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ အများပြည်သူသို့ အသိပေး ပန်ကြားအပ် ပါသည်။

ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့

အေးချမ်းမွန် Credit To > သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းhttps://www.facebook.com/excellencemedia

Post a Comment

 
Top