တိုကျို အောက်တိုဘာ ၂၈
တရုတ်ကြိုတင် သတိပေးရေး လေယာဉ်နှစ်စင်းနှင့် ဗုံးကြဲလေယာဉ် နှစ်စင်းတို့သည့် ဂျပန်နိုင်ငံ တောင်ပိုင်းရှိ ကျွန်းများအပေါ်မှ ပျံသန်းခဲ့သောကြောင့်
ဂျပန်တိုက် လေယာဉ်များ အရေး ပေါ်ပျံတက်ခဲ့ကြောင်း၊ သို့ရာတွင် တရုတ်လေယာဉ်များသည် ဂျပန် လေပိုင်နက်အတွင်း ဝင်ရောက်ခဲ့ခြင်း မရှိကြောင်း ဂျပန်ကာကွယ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူများက အောက်တိုဘာ ၂၇ ရက်တွင် ထုတ်ဖော် ပြောကြားခဲ့သည်။
အဆိုပါ တရုတ်လေယာဉ်များသည် အိုကီနာဝါစီရင်စု၏ အဓိက ကျွန်းမကြီးနှင့် မီယာကို ကျွန်းအကြားမှ ပျံသန်းခဲ့ကြောင်း၊ အိုကီနာဝါကျွန်း တောင်ဘက် ကီလိုမီတာရာပေါင်း များစွာအကွာ ပစိဖိတ်သမုဒ္ဒရာ ပေါ်မှဖြတ်၍ပျံသန်းခဲ့ပြီး ၎င်းမှ အရှေ့တရုတ် ပင်လယ်သို့ ပြန်လည် ပျံသန်းသွားခဲ့ကြောင်း၊ ၎င်းလေယာဉ်များသည် သုံးရက်ဆက်တိုက် အဆို ပါလမ်းကြောင်းအတိုင်း ပျံသန်းမှုများ ပြုလုပ်ခဲ့ကြောင်း၊ ပြီးခဲ့သော အောက်တိုဘာ ၂၄ ရက်ကလည်း ဖျက်သင်္ဘောတစ်စင်း အပါအဝင် တရုတ်ရေတပ် သင်္ဘောငါးစင်းသည် အရှေ့တရုတ် ပင်လယ်မှ ပစိဖိတ် သမုဒ္ဒရာ အတွင်းသို့ ၎င်းလမ်းကြောင်းအတိုင်း ဖြတ်သန်း သွားခဲ့ကြောင်း ဂျပန်တာဝန်ရှိသူများက ပြောကြားခဲ့သည်။
တရုတ်ရေတပ်သည် အနောက် ပစိဖိတ်သမုဒ္ဒရာတွင် စစ်ရေး လေ့ကျင့်ခန်းတစ်ခု ပြုလုပ်လျက်ရှိကြောင်း တရုတ်နိုင်ငံပိုင် သတင်းဌာနက ထုတ်ပြန်ကြေညာထားသည်။ ဂျပန်ကာကွယ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူများ အနေဖြင့် အဆိုပါ တရုတ်ရေတပ် စစ်ရေးလေ့ ကျင့်ခန်းနှင့် စစ်ဘက်လေယာဉ်များ ပျံသန်းမှုတို့အကြား ဆက်စပ်မှု ရှိ၊ မရှိ လေ့လာစုံစမ်းလျက် ရှိကြောင်း သိရသည်။
http://www.myawady.net.mm/allnews/global/item/29121-2013-10-29-09-06-03
အေးချမ်းမွန် Credit To >မြ၀တီ
Post a Comment