ရန်ကုန်၊ အောက်တိုဘာ ၃၁
သတ်မှတ်စံနှုန်းမမီသည့် ရေဆိုးစွန့်ပစ် စက်ရုံများကို အရေးယူ ဆောင်ရွက်မည့် ကာလအား ဒီဇင်ဘာလသို့ ပြောင်းရွှေ့ သတ်မှတ်လိုက်ကြောင်း ရန်ကုန်စည်ပင်မှ သိရသည်။
ရန်ကုန်မြို့တွင် WHO ၏ Guide Line မမီသည့် ရေဆိုးစွန့်ပစ်စက်ရုံ ၇၈ ရုံကို ယခုနှစ်တွင် စစ်ဆေးတွေ့ရှိခဲ့ရပြီ။ စက်တင်ဘာလကုန် တွင် နောက်ဆုံးစံဝင်ရေး ဆောင် ရွက်ရန် သတ်မှတ်ခဲ့သော် လည်း ဆောင်ရွက်နေဆဲ စက်ရုံများကျန်ရှိနေရာ အချိန်တိုးမြှင့်
သတ်မှတ်ပေးလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
စံမမီသည့် စက်ရုံ ၇၈ ရုံအနက် စက်ရုံ ၄၉ ရုံမှာ ၄င်းတို့ ပြုပြင်ပြီး စီးမှုကို ရန်ကုန်စည်ပင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနသို့ စက်တင်ဘာလကုန်တွင် လာရောက်တင်ပြပြီး ဖြစ်သော်လည်း ကျန် ၂၉ ရုံမှာ မတင်ပြသည့်အတွက် ယင်းစက်ရုံများကို ဦးစွာ ရန်ကုန်စည်ပင်မှ သွားရောက်စစ်ဆေးခဲ့သည်ဟု သိရသည်။
စွန့်ပစ်ရေများ စွန့်ပစ်နေမှုနှင့် ပတ်သက်၍ လာရောက်မတင်ပြသည့် စက်ရုံ ၂၉ ရုံကို သွားရောက်စစ်ဆေးရာတွင် ၅ ရုံမှာ သတ်မှတ်ချက်နှင့် ကိုက်ညီနေသည်ကို တွေ့ရှိ ရပြီး စက်ရုံ ၄ ရုံမှာ အပြီးပိတ်သိမ်းခြင်း၊ ယာယီပိတ်သိမ်းခြင်းနှင့် အသစ် ဆောင်ရွက်နေခြင်းများ ရှိပြီး ကျန်စက်ရုံ များမှာ သတ်မှတ်စံမီရေး ဆောင်ရွက်နေသဖြင့် အချိန် ထပ်မံ တိုးမြှင့်ပေး ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
စွန့်ပစ်ရေနှင့် ပတ်သက်၍ ရန်ကုန်စည်ပင်သို့ လာရောက် တင်ပြထား သည့် စက်ရုံ ၄၉ ရုံကိုလည်း နိုဝင်ဘာလအတွင်း သွားရောက်စစ်ဆေး သွားမည်ဟု သိရသည်။
ရန်ကုန်မြို့တွင် စက်မှုဇုန် ၂၄ ဇုန်ရှိပြီး စက်ရုံပေါင်း ၃၂၆၄ ရုံရှိသည်။
ဝေမာထွန်း
အေးချမ်းမွန် Credit To >Popular Myanmar News Journal
Post a Comment