0


၂၀၁၈ ခုနှစ် ဇွန်လအထိ ရှိမည့် ငါးနှစ်စာချုပ်သစ်ကို အက်ဒ်နန် ဂျနူဇက်နှင့် ချုပ်ဆိုနိုင်ခဲ့သည့် အတွက် ဝမ်းမြောက်ကြောင်း မန်ချက်စတာယူနိုက်တက် အသင်းမှ ကြေညာခဲ့သည်။

အသက် ၁၈ နှစ်အရွယ် ဘယ်လ်ဂျီယံဖွား တောင်ပံကစားသမားသည် ဝင်ဘလေတွင် ကစားခဲ့သည့် ယခုနှစ် ဘောလုံးရာသီ ကွန်မြူနတီဒိုင်းပြိုင်ပွဲတွင် ယူနိုက်တက်အသင်း၌ လူစားဝင် ကစားသမား အဖြစ် ပထမဦးဆုံး ပါဝင်ကစားခဲ့သူ ဖြစ်သည်။ ၎င်း၏ ပထမဦးဆုံး ဘာကလေ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ဆန်းဒါးလန်းကို ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ပွဲတွင် ပါဝင်ကစားခဲ့ပြီး ယူနိုက်တက် အတွက် နှစ်ဂိုးစလုံး သွင်းယူပေးခဲ့သည်။

“အက်ဒ်နန်ရဲ့ အနာဂတ်က ယူနိုက်တက်မှာ ဆက်ရှိနေတဲ့ အတွက် ဝမ်းသာပါတယ်။ သူဟာ ထူးချွန်တဲ့ ပါရမီရှင် တစ်ဦးဖြစ်သလို ကျွန်တော် ယူနိုက်တက်ကို ရောက်ရှိလာကတည်းက အံ့အားသင့်စရာတွေကို လုပ်ဆောင်ပြနိုင်သူပါ။ သူရဲ့ဟန်ချက်ညီမှုနဲ့ ပြိုင်ဘက် ကစားသမားတွေကို ကျော်ဖြတ်နိုင်မှုတို့က သူ့အသက်အရွယ်နဲ. မလိုက်အောင်ကို ကောင်းမွန်ပါတယ်။ယူနိုက်တက်ဟာ လူငယ် ကစားသမားတွေကို မွေးထုတ်ပေးတဲ့နေရာမှာ အစဉ်အလာရှိတဲ့ အသင်းပါ။ အခုလို လူငယ် ကစားသမားတွေကို အကြီးမားဆုံး အခွင့်အရေးပေးတဲ့ အသင်းမှာ ဆက်လက်နေထိုင်တာဟာ သူ့အတွက် အသင့်တော်ဆုံးပါပဲ” ဟု မိုယက်စ်က ပြောကြားခဲ့သည်။

ဆက်လက်ပြီး ဂျနူဇက်က “မန်ချက်စတာယူနိုက်တက်နဲ့ စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့တဲ့ အတွက် အရမ်း ပျော်ရွှင်ပါတယ်။ ကျွန်တော် ယူနိုက်တက်ကို ရောက်လာကတည်းက ဒီအသင်းဟာ ကျွန်တော့် အတွက် အသင့်တော်ဆုံး ဆိုတာကို ခံစားမိပါတယ်။ နောက်ပြီး ရာသီကြို ပွဲစဉ်တွေနဲ့ ပထမဦးဆုံး ပွဲထွက်ကစားခဲ့ရတဲ့ ကွန်မြူနစ်တီဒိုင်း ပွဲစဉ်တွေရဲ့ ခြေစွမ်းကြောင့် ဆန်းဒါးလန်းနဲ့ ပွဲမှာ ပါဝင် ကစားခွင့် ရခဲ့ပါတယ်။ ဒါဟာ ကျွန်တော့်ရဲ့အိပ်မက်ပါ။ အခုချိန်ကစပြီး မန်ချက်စတာယူနိုက်တက် ကစားသမား တစ်ဦးအနေနဲ့ အပြင်းအထန် ကြိုးစား ကစားသွားမှာပါ” ဟု ပြောကြားသွားခဲ့သည်။

အေးချမ်းမွန် Credit To >Soccer Myanmarhttps://www.facebook.com/excellencemedia

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top