0

Written by သီဟကိုကို
Thursday, 31 October 2013 09:27

မူဆယ်-ရွှေလီနယ်စပ်ဝင်ပေါက်အား ကမ္ဘာလှည့်ခရီးသွားများ ၀င်ထွက်သွားလာနိုင်ရန် ရည်ရွယ်၍ နိုင်ငံတကာ ၀င်ပေါက်အဖြစ် ဆောင်ရွက်နိုင်ရန်အတွက် နယ်စပ်ဝင်ပေါက်အား အဆင့်မြှင့်တင်ဆောင်ရွက် သွားမည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင် သန်းက အောက်တိုဘာ ၃၀ ရက်တွင် ပြောသည်။

ဦးမောင်မောင်သန်းက “မြန်မာ-ထိုင်း နိုင်ငံတကာဝင်ပေါက်လိုမျိုး တရုတ်နဲ့ လုပ်တာဖြစ်တယ်။ နိုင်ငံတကာ ၀င်ပေါက်ဖြစ်သွားရင် ကမ္ဘာလှည့်ခရီးသည်တွေ ၀င်လာနိုင်မယ်” ဟု ပြောသည်။

ရှမ်းပြည်နယ်အစိုးရက ယင်းဂိတ်အား တိုးချဲ့အဆင့်မြှင့်တင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိရာ နေရာအခက်အခဲရှိပါက ဂိတ်နှင့်နီးစပ်ရာတွင် ဂိတ်သစ်ဆောက်ရန် စီစဉ်နေကြောင်း ယင်းကဆက်လက်ပြောသည်။

ဦးမောင်မောင်သန်းက “ဂိတ်ပေါက်ကို အဆင့်မြင့်ပြုပြင်ဆောင်ရွက်ပြီးမှ တရုတ်ဘက်နဲ့ စတင်ဆွေးနွေးသွားမယ်”ဟု ပြောသည်။

ယင်းဂိတ်တွင် မြေနေရာအခက်အခဲသာရှိပြီး တပ်ဆင်မည့်စက်ကိရိယာအပြည့်အစုံရှိကြောင်း ယင်းက ဆိုသည်။

အောက်တိုဘာလလယ်ပိုင်းတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ၀န်ကြီးဦးခင်ရီနှင့် မူဆယ်ဒေသခံများ တွေ့ဆုံပွဲတွင် ဒေသခံများက ယင်းဂိတ်ပေါက်အနီးတွင်ပင် ဂိတ်သစ်ဆောက်ရန် အကြုံပြုတင်ပြခဲ့သည်ဟု မူဆယ်ဒေသခံများက ဆိုသည်။

မူဆယ်ဒေသခံလုပ်ငန်းရှင် ဦးချမ်းသာဦးက “နိုင်ငံတကာဝင်ပေါက်လုပ်မှာဆိုတော့ X-ray တွေ တပ်ရင် နေရာ အကျယ်အ၀န်းတော့လိုတယ်”ဟု ပြောသည်။

အေးချမ်းမွန် Credit To >Sa Maung https://www.facebook.com/excellencemedia

Post a Comment

 
Top