0


ကွာလာလမ်ပူ၊ အောက်တိုဘာ ၃၁။

တရုတ်နှင့်မလေးရှားတို့သည် လာမည့်နှစ်တွင် ပူးတွဲစစ်ရေးလေ့ကျင့်မှုပြုလုပ်မည်ဖြစ်ပြီး နှစ်နိုင်ငံ
သမိုင်းတွင် ပထမဆုံးအကြိမ်ဖြစ်ကြောင်း မလေးရှား
ကာကွယ်ရေးဝန်ကြီးက အေအက်ဖ်ပီသတင်းဌာနသို့
ပြောကြားခဲ့သည်။

မလေးရှားကာကွယ်ရေးဝန်ကြီး မစ္စတာဟီရှန်မူဒင်
ဟူစိန်သည် တရုတ်စစ်ဘက်ခေါင်းဆောင်များနှင့်
aပကျင်းတွင် တွေ့ဆုံဆွေးနွေးအပြီး ယင်းကြေညာ ချက်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ယခုလအစောပိုင်းက
တရုတ်သမ္မတ စီကျင်းပင်သည် ကွာလာလမ်ပူသို့
ရောက်ရှိလည်ပတ်စဉ်အတွင်း နှစ်နိုင်ငံအကြား
အနီးကပ် ဆက်ဆံမှုများပြုလုပ်ရန် ကတိက၀တ်
ပြုခဲ့သည်။

“ တရုတ်နဲ့မလေးရှား နှစ်နိုင်ငံအကြား ကာကွယ်ရေး
ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု သဘောတူနားလည်မှု
စာချွန်လွှာကို ၂၀၀၅ ခုနှစ်မှာ လက် မှတ်ရေးထိုးခဲ့
ကြတာ ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်မှာ ပထမဆုံးအကြိမ် ပူးတွဲ လေ့ကျင့်ဖို့ မျှော်လင့်ထားပါတယ်” ဟု မစ္စတာ ဟီရှန်မူဒင်ဟူစိန်က အေအမ်ဖ်ပီ သတင်းဌာနသို့
ပြောကြားသည်။

လူပန်းအိမ်

အေးချမ်းမွန် Credit To >People powerhttps://www.facebook.com/excellencemedia

Post a Comment

 
Top