0

Saturday, October 26, 2013

ဗြိတိန်အစိုးရက မြန်မာလူငယ်များကို အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန်အတွက် အကူအညီများ ပေးအပ်မည် ဖြစ်ကြောင်း အောက်
တိုဘာလ ၂၄ ရက်နေ့တွင် ဗြိတိန်ဝန်ကြီးချုပ် အိမ်တော်၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

ဗြိတိန်နိုင်ငံသို့ ဒုတိယအကြိမ် အလည်အပတ် ခရီးစဉ်အဖြစ် ရောက်
ရှိနေသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ဗြိတိန်ဝန်ကြီးချုပ်တို့ တွေ့ဆုံမှုနှင့် ပတ်သက်၍ ပြုလုပ်သော သတင်းစာ
ရှင်းလင်းပွဲတွင် ၎င်းက ယင်းသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

ဗြိတိန်ဝန်ကြီးချုပ် မစ္စတာဒေးဗစ်ကင်မရွန်း က ဒေါ်အောင်ဆန်းစုကြည်နှင့်
တွေ့ဆုံရာတွင် မြန်မာနိုင်ငံကို ပေးအပ်မည့် အထောက်အပံ့များနှင့် ဖွံ့ဖြိုးရေး အစီအစဉ်များ အပါအဝင် မြန်မာနိုင်ငံရှိ မျိုးဆက်သစ် လူငယ်များအတွက် အလုပ်အကိုင် အခွင့်အရေးများ ဖန်တီးပေးနိုင်ရန် အကူအညီများ ပေးရေး
ကို ဆွေးနွေးခဲ့ကြကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသွားသည်။

မျိုးဆက်သစ် လူငယ်များ၏ အလုပ်အကိုင် အခွင့်အရေး ဖန်တီးပေးနိုင်ရေးကို အကူအညီ ပေးခြင်းသည် အသွင်ကူးပြောင်းစ မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်စေရေးနှင့် တန်းတူညီမျှ နေထိုင်နိုင်ရေးအတွက် များစွာ အထောက်အပံ့ ဖြစ်စေနိုင်ကြောင်း ဗြိတိန် ဝန်ကြီးက ဆိုသည်။

မြန်မာနိုင်ငံတွင် အလုပ်လက်မဲ့ဦးရေ ပိုမိုများပြားလာခြင်းသည် တိုင်းပြည်
အတွက် ကြီးမားသော အန္တရာယ်တစ်ရပ် ဖြစ်သည်သာမက အလုပ်လက်မဲ့
ဦးရေ များပြားမှုသည် တည်ငြိမ်အေးချမ်းသော လူ့အဖွဲ့အစည်းတစ်ရပ်
ဖော်ဆောင်ရန် အတွက်လည်း ခက်ခဲနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ထပ်လောင်း ပြောကြားခဲ့သည်။

ထို့ကြောင့် မြန်မာနိုင်ငံရှိ လူငယ်များကို အဆင့်မြင့် အသက်မွေးဝမ်းကျောင်း
ဆိုင်ရာ ဘာသာရပ်များ သင်ကြားပေးရန်၊ အလုပ်အကိုင်ကောင်းများ ဖန်တီးပေးရန်နှင့် လုပ်ငန်းခွင် စွမ်းရည်မြှင့်တင် သင်တန်း များ၊ ဖွံ့ဖြိုးရေး အစီအစဉ်များ ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ၎င်းကထပ်လောင်း ပြော
ကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် အောက်တိုဘာလ ၂၂ ရက်နေ့တွင် ဗြိတိန်နိုင်ငံသို့ ရောက်ရှိခဲ့ပြီး ဗြိတိန်ဝန်ကြီးချုပ် မစ္စတာဒေးဗစ်ကင်မရွန်းနှင့် ဗြိတိန်ဝန်ကြီးချုပ် နေအိမ်တွင် အောက်တိုဘာလ ၂၃ ရက်နေ့က တွေ့ဆုံ
ခဲ့သည်။

ယင်းသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှု အခြေအနေ၊
ပြည်တွင်း ပဋိပက္ခများ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း က မြန်မာ့
ပြုပြင်ပြောင်းလဲမှု အရှိန် မြှင့်တင်ရေးအတွက် နိုင်ငံတကာ အထောက်
အပံ့များ ရရှိစေရန် ကူညီမည်ဟု ကတိပေး ပြောကြားခဲ့သည်။



အေးချမ်းမွန် Credit To > The Voice Weeklyhttps://www.facebook.com/excellencemedia

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top