0


ပရီးမီးယားလိဂ်ပွဲစဉ်(၈) စနေနေ့အစောပိုင်းပွဲစဉ်များအပြီးတွင် အာဆင်နယ်အသင်းက ရမှတ် (၁၉)မှတ်ဖြင့် ပြိုင်ဘက် ချယ်လ်ဆီးနှင့် လီဗာပူးလ်တို့ကို (၂)မှတ်ဖြတ်ကာ အမှတ်ပေးဇယားထိပ်ဆုံးမှ လွတ်လွတ်ကျွတ်ကျွတ်ဦးဆောင်နိုင်ခဲ့သည်။ အာဆင်နယ်အသင်းမှာ အိမ်ကွင်းတွင် နောဝစ်ခ်ျအသင်းကို ဂိုးပြတ်အနိုင်ရခဲ့ပြီး လီဗာပူးလ်အသင်းမှာမူ တစ်ယောက်အသာဖြင့် ကစားခဲ့ရသော်လည်း သရေ တစ်မှတ်သာ ရယူနိုင်ခဲ့သောကြောင့် တတိယနေရာအထိရောက်ရှိသွားခဲ့ သည်။ မန်ယူအသင်းမှာလည်း ဆောက်သမ်တန်၏နောက်ကျချေ
ပဂိုးကြောင့် အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်မှာပင် အမှတ်ခွဲပေးခဲ့ရသည်။

ပွဲရလဒ်များ
နယူးကာဆယ် ၂-၂ လီဗာပူးလ်
အာဆင်နယ် ၄-၁ နောဝစ်ခ်ျ
ချယ်လ်ဆီး ၄-၁ ကာဒစ်ဖ်
အဲဗာတန် ၂-၁ ဟားလ်စီးတီး
မန်ယူ ၁-၁ ဆောက်သမ်တန်
စတုတ်စီးတီး ၀-၀ ၀က်စ်ဘရွန်း
ဆွမ်ဆီး ၄-၀ ဆန်းဒါးလန်း
ဝက်စ်ဟမ်း - မန်စီးတီး(မြန်မာစံတော်ချိန် ည ၁၁ နာရီတွင် ကစားမည်။)

အေးချမ်းမွန် Credit To >Eleven Media Grouphttps://www.facebook.com/excellencemedia
http://ayechanmon-news1.blogspot.com/

Post a Comment

 
Top