=========================================
နိုင်နိုင်ဇော်
=========================================
ရန်ကုန် ၊ အောက်တိုဘာ ၁၈။ ။ မရမ်းကုန်းမြို့နယ်တွင် ဆောက် လုပ်ပြီးအောင်သပြေအဆောက် အအုံမှာ လမ်းနယ်မြေကျူးကျော် သည်ဟုဆိုကာ ရပ်ကွက်နေပြည် သူများမှ တိုင်ကြားခြင်းကြောင့် ပြန် လည်စစ်ဆေးမှုများပြုလုပ် လျက်ရှိကြောင်း သတင်းရရှိသည်။
ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်း ၁ရက်ကွက်အတွင်း ဧရိယာ ၂ဒသမ ၂၉၂ဧကအကျယ် အဝန်းရှိ ယခင်သားရေစက်ရုံဝင်း အတွင်း ဆောက်လုပ်ထားသည့် အောင်သပြေအဆောက်အအုံ မှာ လမ်းမြေအပေါ်ကျူးကျော်နေ သည်ဟုဆိုကာ ရပ်ကွက်နေသူများ မှတိုင်ကြားခြင်းကြောင့် မြေတိုင်း ဦးစီးဌာနမှ မြေယာတိုင်းတာ မှုများ ပြန်လည်ပြုလုပ်ခဲ့ကြောင်း အဆို ပါရပ်ကွက်မှ ရာအိမ်မှူး ဦးဉာဏ် လှိုင်ကပြောသည်။
မရမ်းကုန်း ၁ရက်ကွက် ရာအိမ်မှူး ဦးဉာဏ်လှိုင်က''ရပ် ကွက်ထဲက ပြည်သူတွေ ရဲ့ဆန္ဒနဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တင် ပြထားတာ ဒီနေ့မှာစည်ပင်ရယ်၊ ရဲစခန်းကလူတွေရယ်၊ မြေတိုင်း ရယ်ဆင်းလာပြီး မြေလာတိုင်း သွားတယ်၊ စည်ပင်ဒုဌာနမှူးက တော့ နောက် တစ်ပတ်လောက် နေမှ အကျယ်အဝန်းကိုသိရမယ် လို့ပြောတယ်''ဟု ဆိုသည်။
သတင်းအပြည့်အစုံသို့=>http://goo.gl/VD3fGQ
အေးချမ်းမွန် Credit To >Yangon Media Group
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.