0


အပစ်ခတ်ရပ်စဲထားတဲ့ ချင်းအမျိုးသားတပ်ဦး (CNF) နဲ့ ချင်းပြည်သူတွေ တွေ့ဆုံဆွေးနွေးပွဲကို ရန်ကုန်မြို့ Summit Parkview ဟိုတယ်မှာ ဒီနေ့ကျင်းပခဲ့ပါတယ်။

ဆွေးနွေးပွဲကရရှိတဲ့ အကြံပြုချက်တွေကိုအခြေခံပြီး ချင်းပြည်နယ် တိုးတက်ရေးအတွက် စီမံကိန်း ဖေါ်ဆောင်သွားနိုင်ဖို့ ကြိုးစားသွားမယ်လို့ ချင်းအမျိုးသားတပ်ဦး အထွေထွေ အတွင်းရေးမှူး ဒေါက်တာ ရွှေခါးက ပြောပါတယ်။

“အထူးသဖြင့် သူတို့ရဲ့ဘဝရပ်တည်ရေးပေါ့၊ သူတို့ပြောကြတာ ကျနော်နားထောင်တယ်၊ အဲဒါမျိုးတွေကိုလည်း ကျနော်တို့လုပ်ဖို့ စဉ်းစားထားပါတယ်၊ ဒါပေမယ့် အားလုံသိတဲ့အတိုင်းပဲ ကျနော်တို့နိုင်ငံမှာ တိကျတဲ့အချက်အလက်တွေ၊ စစ်တမ်းကောက်တာတွေ၊ လက်တွေ့ကွင်းဆင်း လေ့လာတာတွေ တစ်ခုမှမရှိဘူး၊ အဲဒါကနေ ကျနော်တို့စမယ်၊ ကျနော်တို့ လေ့လာချက်တွေကနေ ထွက်လာပြီဆိုရင် တိုးတက်ရေးလုပ်ဖို့ အစီအစဉ်တွေရေးဆွဲမယ် ပြီးတော့ အကောင်အထည်ဖော်ဆောင်ရွက်မှာပါ”

ချင်းပြည်နယ်ဟာ ပြည်နယ်တွေထဲမှာ ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံး ပြည်နယ်တစ်ခုဖြစ်တယ်လို့ တက်ရောက်လာကြတဲ့ ချင်းတိုင်းရင်းသားတွေက ပြောကြပါတယ်။ အခုလို ဆွေးနွေးပွဲတွေကနေရရှိတဲ့ အကြံပြုချက်တွေကို လာမယ့်အစိုးရနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ဆက်လက်တင်ပြသွားမယ်လို့ သိရပါတယ်။

အေးချမ်းမွန် Credit To > RFA Burmese https://www.facebook.com/excellencemedia
http://ayechanmon-news1.blogspot.com/

Post a Comment

 
Top