0


ပြည်တွင်း အပတ်စဉ်ထုတ်ဂျာနယ်တစ်စောင်ဖြစ်သည့် သူရိယအလင်းဂျာနယ်တိုက်အား အောက်တိုဘာ၁၉ရက် ည၁၂နာရီခန့် တွင်
လူ၁၅ဦးခန့် ပါသော လူတစ်စုဝင်ရောက်၍ ဂျာနယ်တိုက်ပိုင်ကွန်ပျူတာ ၁၄လုံးနှင့် CCTV ကင်မရာများအားသိမ်းဆည်းသွားခဲ့ကြောင်း
ဂျာနယ်တိုက်ပိုင်ရှင်ဦးမိုးဟိန်းကသတင်းစာရှင်းလင်းပွဲပြုလုပ်ပြောဆိုခဲ့သည်။

" ည၁၂ နာရီလောက် ကားအနက် ၆စီးနဲ့ ရုံးရှေ့ ရောက်လာပြီး ရုံးခန်းထဲကို ဘေးပေါက်ကနေ၀င်ပြီး ကင်မရာတွေကိုဖြုတ်တယ်။
ပြီးတော့ကွန်ပျူတာစစ်စတမ်ဘုံး၁၄လုံးနဲ့ လက်ကျန်ဂျာနယ်တွေကိုသိမ်းသွားတယ်။ တစ်ယောက်ကတော့သူ့ ဖိုးလပြည့်ဖြစ်ကြောင်းပြောသွားတယ်" ဟု
ဂျာနယ်တိုက်ပိုင်ရှင် ဥိးမိုးဟိန်းကဆိုသည်။

သူရိယအလင်းဂျာနယ်တိုက်ဧ။် နောက်ဆုံးအပတ်စဉ်ထုတ်ဂျာနယ်တွင် ပြင်ပဆောင်းပါရှင် နှစ်ဦးမှ " မော်စကိုမှာသာတဲ့လ ဆောင်းပါနှင့် ရွေပေါ်မြတင်ညီလေးထံသို့ ပေးစာ
စသည့်ဆောင်းပါးနှစ်ပုဒ်ကြောင့် ဖြစ်ရသည်ဟုထင်ကြောင်း ယင်းဂျာနယ်ထုတ်ဝေစဉ် ဖြန့် ချီရေးဆိုင်များသို့ လူတစ်စုမှကားဖြင့်လိုက်လံသိမ်းဆည်းမူဖြစ်ပွားခဲ့ကြောင်းဦးမိုးဟိန်းကဆိုသည်။

အဆိုပါဆောင်းပါနှစ်ပုဒ်မှာ ရုရှားအလှယ်မယ်ပြီုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အလှမယ်မိုးစက်ဝိုင်အကြောင်းနှင့် စစ်အာဏာရှင်လက်ထက် ဗိုလ်မူး ဗိုလ်ချုပ်
များဧ။် သားသမီးများအကြောင်းရေးထားခြင်းဖြစ်သည်။

"ဆောင်းပါးမှာရေးတာ ဆောင်းပါးရှင်ရဲ့ အာဘော်ပဲဖြစ်တယ်။ ထုတ်ဝေရမှာက ကျွန်တော်ကို့ ဂျာနယ်ရဲ့ လုပ်ဖြစ်တယ်" ဟု ဦးမိုးဟိန်းကဆိုသည်။

အဆိုပါ သူရိယအလင်းဂျာနယ်မှာ စုစုပေါင်း ၁၂ စောင်ထုတ်ဝေပြီးဖြစ်ပြိး ယခုအခါ ဂျာနယ်ထုတ်ဝေခွင့်အား ဖိအားပေးဝယ်ယူသူများရှိနေသောကြောင့်
နောင်တွင်သူရိယနေ၀န်းအမည်ဖြင့်ဆက်လက်ထုတ်ဝေသွားမည်ဖြစ်ကြောင်း ဂျာနယ်တိုက်သို့ ဝင်ရောက်စီးနင်းမူနှင့်ပတ်သတ်၍ ဓါးမြမူဖြင့် အမူဖွင့်၍ ရသော်လည်းလက်ရှိတွင်အမူဖွင့်ထားခြင်းမရှိသေးဘဲ ရှေ့ နေ့ များနှင့်တိုင်ပင်ဆဲဖြစ်ကြောင်း ဂျာနယ်တိုက်ပိုင်ရှင်ဦးမိုးဟိန်းကဆိုသည်။

ပန်မိုးဝါ(ရိုးရာလေး)

အေးချမ်းမွန် Credit To >YoYarLay https://www.facebook.com/excellencemedia
http://ayechanmon-news1.blogspot.com/

Post a Comment

 
Top