0



ယခင် မန်ယူ နည်းပြဟောင်း ဖာဂူဆန်သည် ဖီဖာ တစ်နှစ်တာ ကမ္ဘာ့အကောင်းဆုံး နည်းပြဆု အတွက် ဆန်ခါတင် ၁၀ ဦး စာရင်းတွင် ပါဝင်နေကြောင်း သိရသည်။
ယင်းစာရင်းတွင် ချဲလ်ဆီး နည်းပြ မော်ရင်ဟို၊ ရီးရဲလ် နည်းပြ အန်ဆလော့တီနှင့် စပိန် နည်းပြ ဒယ်ဘော့စကေးတို့လည်း ပါဝင်နေသည်။ အလားတူ နာပိုလီ နည်းပြ ဘင်နီတက်ဇ်၊ ဂျူဗင်တပ် နည်းပြ ကွန်တီ၊ ယခင် ဘိုင်ယန် နည်းပြဟောင်း ဂျက်ဟေးနက်စ်၊ ဒေါ့မွန် နည်းပြ ဂျာကင်ကလော့ပ်၊ ဘရာဇီး အသင်း နည်းပြ စကိုလာရီနှင့် အာဆင်နယ် နည်းပြ ၀င်းဂါးတို့ ပါဝင်နေသည်။ ယင်းအတွက် ဆုရရှိသူများကို ဆွစ်ဇာလန် နိုင်ငံ ဇူးရစ်မြို့တွင် ဇန်န၀ါရီလ ၁၃ ရက်နေ့၌ ကြေငြာပြီး ဆုများကို ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။ မန်ယူ အသင်းနှင့် အတူ ဖာဂူဆန်မှာ ဆုဖလားများ ရရှိခဲ့ပြီး ယခင် ချဲလ်ဆီး အသင်း နည်းပြ ဘင်နီတက်ဇ်မှာ အသင်းနှင့် အတူ ယူရိုပါလိဂ် ဖလားကို ရရှိခဲ့သည်။
ဘိုင်ယန် နည်းပြဟောင်း ဂျက်ဟိုင်းနက်စ်မှာ ယမန်နှစ် ရာသီတွင် ဘိုင်ယန် အသင်းအတွက် ဆုဖလား ၃ လုံး ရရှိခဲ့သလို ဂျူဗင်တပ် နည်းပြ ကွန်တီမှာလည်း အသင်းအတွက် စီးရီးအေ ချန်ပီယံဆုများကို ဆက်တိုက် ရရှိထားခဲ့သည်။ PSG နည်းပြ အန်ဆလော့တီမှာ PSG အသင်း အတွက် ပြင်သစ် လီဂူဝမ်း ဖလားကို ရရှိခဲ့သလို ရီးရဲလ် နည်းပြဟောင်း မော်ရင်ဟိုမှာလည်း ရီးရဲလ် အသင်း အတွက် အောင်မြင်မှုများကို ရရှိစေခဲ့သူဖြစ်သည်။ ဘရာဇီး နည်းပြ စကိုလာရီမှာ ဘရာဇီး အသင်းအတွက် ဖီဖာကမ္ဘာ့ တိုက်ကြီးများ ဖလားပြိုင်ပွဲကို အသင်း ဗိုလ်စွဲရန် ကြိုးစား ပေးထားခဲ့သည်။

Ref : Yatanarpon.com.mm

အေးချမ်းမွန် Credit To >Yatanarpon Call Center https://www.facebook.com/excellencemedia

Post a Comment

 
Top