0

ရန်ကုန်၊အောက်တိုဘာ ၁၉

၁၇.၁၀.၂၀၁၃ ရက်နေ့ ၁၂၃၀ အချိန် တာမွေမြို့နယ်၊ကျောက်မြောင်းကြီး
အရှေ့ရပ်ကွက်၊ အောင်မင်္ဂလာလမ်း၊(၆)လွှာနေ ဦးအောင်ကျော်မျိုး၏ အတူနေညီမဖြစ်သူမအိရွှေစင်(စကားမပြောတတ်သူ)(ဘ)ဦးကြည်စိန်သည် အသောကဈေးမှ ဈေးဝယ်ပြီးနေအိမ်တိုက်ခန်းသို့ ပြန်လာရာ (၃)လွှာ
လှေကားအရောက် အပေါ်ထပ်မှဆင်းလာသော အသက်(၂၀)နှစ်ခန့် အမျိုးသားတစ်ဦးမှ မအိရွှေစင်အား ခန္ဓာကိုယ်ချင်းဝင်တိုက်၍လဲကျစဉ် မအိရွှေစင်ဝတ်ဆင်ထားသော အလေးချိန် ၁၂ပဲ ၂ရွေးရှိ ခရားပုံ
ရွှေဆွဲကြိုး(၁)ကုံးနှင့်အလေးချိန် ၂ပဲ ၆ရွေးရှိစိန်လော့ကတ်သီး (၁)ခု၊စုစုပေါင်းတန်ဖိုး(၉၆၅၀၀၀)ကျပ်တို့အား လုယူထွက်ပြေးသွားသဖြင့် စုံစမ်းအရေးယူပေးရန် တိုင်တန်းမှုအား တာမွေမြို့မရဲစခန်း
(ပ)၄၅၈/၂၀၁၃၊ပုဒ်မ ၃၈၂ ဖြင့်အမှုဖွင့်၍ တရားခံဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်ခဲ့ပါသည်။

ထိုသို့စုံစမ်းဆောင်ရွက်ခဲ့ရာ ၁၄၄၀အချိန် ပြစ်မှုကျူးလွန်သူ
အောင်စိုး(ခ)အငယ်ကောင် (ဘ)ဦးချို၊ပုဗ္ဗသီရိမြို့နယ်နေသူအား သက်သေခံပစ္စည်းနှင့်အတူ ဖမ်းဆီးရမိစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

အေးချမ်းမွန် Credit To >Yangon Policehttps://www.facebook.com/excellencemedia

Post a Comment

 
Top