သို့ . . .
မြန်မာ့ခေတ် ပြည်သူ့အသံကဏ္ဍ
ကချင်ပြည်နယ်၊ မိုးညှင်းမြို့မှာ ပြည်နယ်အစိုးရရဲ့ ညွှန်ကြားချက်ဖြင့် တန်ဖိုးနည်းဖုန်းတွေကို မြို့မိမြို့ဖတွေက မဲစနစ်နဲ့ စနစ်တကျ ရောင်းချပေးခဲ့လို့ ကျေးဇူးတင်ကြောင်း ဦးစွာပြောပါရစေ…။
တန်ဖိုးနည်းဖုန်းတွေ ကိုင်ခွင့်ရရှိခဲ့သော်လည်း ဖုန်းလိုင်းများ မကောင်းသေးသဖြင့် ဖုန်းပြောရာမှာ ခက်ခဲနေပါတယ်။
တာဝါတိုင်တစ်ခုကို မိုဘိုင်းဖုန်းအလုံး(၂၇၀)လုံးသာ အ၀င်အထွက် သုံးလို့ရပြီး မိုးညှင်းမြို့မှာ မိုဘိုင်းဖုန်း (၅)ထောင်လောက်ရှိနေတယ်ဆိုတာ မိုဘိုင်းဝန်ထမ်းတွေထံမှ သိရပါတယ်။
မိုးညှင်းမှာ တာဝါတိုင် သုံးခုရှိသည့်အနက် နှစ်ခုက ဆိုလာဘထ္ထရီနဲ့ အသုံးပြုနေတာကြောင့် ဘထ္ထရီအိုး ကုန်ခန်းချိန်မှာ ဖုန်းလိုင်းများ ပြုတ်သွားတယ်ဆိုတာ လူတိုင်း သိနေကြပါတယ်။
တာဝါတိုင်နှစ်ခုမှ လိုင်းပိတ်သွားချိန်မှာ မိုးညှင်းသားများ ကျန်တာဝါတိုင်တစ်ခုတည်း အားကိုးနေရလို့ ဖုန်းလိုင်းမကောင်းတော့ပါ။
မဟာဓာတ်အားလိုင်း လျှပ်စစ်မီးနဲ့ အသုံးလျှင် ပြည်သူအတွက် အဆင်ပြေနိုင်မယ်လို့ ယူဆမိပါတယ်။
တာဝါတိုင်ကလည်း မိုးညှင်းမြို့ရဲ့တောင်ဘက် အစိုးနည်းပညာကောလိပ် ကျောင်းအနီးမှာဘဲ နှစ်ခုရှိနေပြီး မိုးညှင်းမြို့မြောက်ဘက် ဒီဂရီကောလိပ်ကျောင်းဘက်မှာ မရှိလို့ တစ်မြို့လုံး နေရာအနှံ့အပြားမှာ ဖုန်းပြောလို့ အဆင်မပြေပါ။
မိုးညှင်းပြည်သူများအတွက် အဆင်ပြေနိုင်မယ့် နည်းလမ်းကောင်းများဖြင့် နိုင်ငံတော် အကြီးအကဲများမှ ကူညီဆောင်ရွက်ပေးပါရန် တင်ပြအပ်ပါတယ်။
မိုးညှင်းမြို့သူမြို့သားများ
အေးချမ်းမွန် Credit To > The Myanma Age
Post a Comment