0

Tuesday, October 29, 2013

ပိုင်ဆိုင်မှုဂရန်စာချုပ် နှစ်ခုဖြစ်နေသည့် မြေယာကိစ္စများကို မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက ဖြေရှင်းပေးရန် စည်ပင်သာယာအကြံပေးအဖွဲ့က အကြံပြုတင်ပြထားကြောင်း သတင်းရရှိသည်။

စည်ပင်သာယာ အကြံပေးအဖွဲ့ထံ ရောက်ရှိလာသည့် တိုင်ကြားစာများထဲတွင် ပိုင်ဆိုင်မှု ဂရန်စာချုပ်နှစ်ခု ဖြစ်နေ သည့် မြေယာကိစ္စတစ်ခု ပါဝင်လာရာမှ အလားတူကိစ္စများ စည်ပင်သာယာနယ်နိမိတ်အတွင်း အများအပြားရှိနေသည်ဟု စုံစမ်းသိရသဖြင့် မန္တလေးစည်ပင် နာမည်မပျက်စေရေးအတွက် ဂရန်ပွားများလုပ်နေသည့် အဖွဲ့အစည်းများကို ထိထိရောက်ရောက် အရေးယူပေးရန် မြို့တော်ဝန်နှင့် တွေ့ဆုံစဉ် အကြံပြုတင်ပြခဲ့ကြောင်း အကြံပေးအဖွဲ့ခေါင်းဆောင် ဦးပိုမြင့်က ပြောသည်။

““မြို့တော်ဝန်ကတော့ စိစစ်ပေးမယ်ပြောတယ်။ ဒီဘက်ကလည်း အမှန်တရားအတိုင်း ဖြစ်စေချင်တယ်။ အာဏာနဲ့ လာဘ်မစားဖို့၊ တရားဥပဒေစိုးမိုးဖို့၊ အမှန်တရားဖြစ်ဖို့ တင်ပြခဲ့တာ””ဟု ဦးပိုမြင့်က ဆက်လက်ပြောသည်။

ဂရန်မြေအပိုဖြင့် မြေယာအရောင်းအ၀ယ် ပြုလုပ်နေသူများကို မန္တလေးမြို့တွင်းနေရာတွင် မတွေ့ရဘဲ ချမ်းမြသာစည်၊ ပြည်ကြီး
တံခွန်မြို့နယ်များတွင် အတွေ့ရများနေကြောင်း၊ ချမ်းမြသာစည်မြို့နယ်
အတွင်းတွင် ဂရန်မြေအတုလုပ်သည့် အဖွဲ့ပေါင်း နှစ်ဖွဲ့၊ သုံးဖွဲ့ခန့်ရှိနေကြောင်း မန္တလေးမြို့မှ တရားလွှတ်တော်ကိုယ်စားလှယ် ဦးလှကိုက ပြောသည်။

ဂရန်မြေပျောက်သည်ဟုဆိုကာ လိမ်လည်လျှောက်ထားသူများပါသကဲ့သို့ အမှုတွဲခန်းများအတွင်းမှ ဂရန်အစစ်ကို ပွားထားသူများလည်း ပါဝင်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

““ဂရန်နှစ်ခုရှိရင် နှစ်ယောက်ရောင်းလို့ရတော့ လုပ်နေကြတာပဲ။ ၀ယ်တဲ့သူတွေက မစိစစ်ဘဲ ၀ယ်ခဲ့ရင် ပြဿနာပေါ်တာပဲ။ အခုလောလောဆယ်တောင် ဂရန်ကိစ္စ အရှုပ်အရှင်းဖြေရှင်းပေးနေရတာ သုံးမှုရှိတယ်”” ဦးလှကိုကပြောသည်။

ပထမမူရင်း ဂရန်မြေသာ အမှန်တကယ်အသက်ဝင်သည်ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက သတ်မှတ်ပေးမှသာ ဂရန်မြေအပိုရှိနေသည့် မြေယာအရှုပ်အရှင်းကိစ္စများကို ဖြေရှင်းနိုင်
မည်ဖြစ်ကြောင်း ဦးလှကိုက အကြံပြုသည်။

မန္တလေးမြို့တော်စည်ပင်သာယာရေး အဖွဲ့ကို နာမည်ပျက်စေရန် ဂရန်မြေအတုလုပ်နေသည့် အဖွဲ့များအား ထိထိရောက်ရောက် အရေးယူခြင်းဖြင့် ဂုဏ်တက်စေရန် အောက်တိုဘာလအတွင်း မြို့တော်ဝန်နှင့် တွေ့ဆုံစဉ် စည်ပင်အကြံပေးအဖွဲ့က တင်ပြ
ခဲ့ခြင်းဖြစ်သည်။


7Day Daily

အေးချမ်းမွန် Credit To >အမေ့အိမ်https://www.facebook.com/excellencemedia

Post a Comment

 
Top