(၁) ရာဟုလာ...
သင်သည် မပြတ် ပေါင်းသင်းဆက်ဆံမှုကြောင့် ပညာရှိကို မထီမဲ့မြင် မပြုဘဲ ရှိပါ၏လော၊ လူတို့အား ဉာဏ်ဆီမီးကို ထွန်းပေးတတ်သော ပညာရှိ ပုဂ္ဂိုလ်ကို သင်သည် ပူဇော်ပါ၏လော။
မြတ်စွာဘုရား...
တပည့်တော်သည် မပြတ်ပေါင်းသင်း ဆက်ဆံမှုကြောင့် ပညာရှိကို မထီမဲ့မြင် မပြုပါ၊ လူတို့အား ဉာဏ်ဆီမီးကို ထွန်းပေးတတ်သော ပညာရှိပုဂ္ဂိုလ်ကို တပည့် တော်သည် ပူဇော်ပါ၏။
(၂) ရာဟုလာ...
သင်သည် ချစ်အပ်သာယာအပ်သော သဘောရှိကုန်သော နှလုံးမွေ့လျော်ဖွယ် ရှိကုန်သော ကာမဂုဏ် ငါးပါးတို့ကို စွန့်ပယ်၍ သဒ္ဓါတရားဖြင့် အိမ်မှ ထွက်ပြီးလျှင် ဆင်းရဲ၏ အဆုံးကို ပြုသူဖြစ်ပါလေလော့။
(၃) ရာဟုလာ...
သင်သည် အဆွေခင်ပွန်းကောင်းတို့ကို ဆည်းကပ်ပါလေလော့၊ ဝေးသော ဆိတ်ငြိမ်သော ကြွေးကြော်သံကင်းသော ကျောင်းအိပ်ရာနေရာသို့လည်း ချဉ်းကပ် လေလော့၊ စားဖွယ်ဘောဇဉ်၌ အတိုင်းအရှည်ကို သိသူ ဖြစ်ပါလေလော့။
(၄)ရာဟုလာ...
သင်သည် သင်္ကန်း၌ လည်းကောင်း၊ ဆွမ်း၌ လည်းကောင်း၊ ဆေးပစ္စည်း၌ လည်းကောင်း၊ ကျောင်းအိပ်ရာနေရာ၌ လည်းကောင်း၊ ဤလေးပါးတို့၌ တပ်မက်မှု {တဏှာ} ကို မပြုပါလေလင့်၊ ဤလောကသို့ တစ်ဖန် ပြန်မလာ လိုပါလင့်။
(၅) ရာဟုလာ...
သင်သည် ပါတိမောက္ခသီလ၌ လည်းကောင်း၊ ဣနြေ္ဒငါးပါးတို့၌ လည်းကောင်း စောင့်စည်းသူ ဖြစ်ပါလေလော့၊ သင့်အား ကာယဂတာသတိ ဖြစ်ပါစေလော့၊ သံသရာ၌ ငြီးငွေ့ ဆန့်ကျင်မှု များသူ ဖြစ်ပါလေလော့။
(၆) ရာဟုလာ...
ရာဂနှင့် စပ်ယှဉ်သော လှပတင့်တယ်၏ ဟူသော အမှတ်နိမိတ်ကို ရှောင်ကြဉ်ပါ လေလော့၊ အသုဘဘာဝနာ အကျိုးငှါ အာရုံတစ်ခုတည်းရှိသော ကောင်းစွာ တည်ကြည်သော စိတ်ကို ပွါးများ ပါလေလော့။
(၇) ရာဟုလာ...
နိစ္စနိမိတ်မှ ကင်းသော အနိမိတ္တ၀ိပဿနာကိုလည်း ပွါးများပါလေလော့၊ မာနာ- နုသယကိုလည်း ပယ်စွန့်ပါ လေလော့၊ ထိုမာနကို ပယ်စွန့်နိုင်ခြင်းကြောင့် ငြိမ်းအေးလျက် နေရလတ္တံ့။
ဤသို့လျှင် မြတ်စွာဘုရားသည် ...
သားတော် အသျှင်ရာဟုလာကို ဤဂါထာတို့ဖြင့် မပြတ် ဆုံးမတော်မူ၏။
ရာဟုလသုတ်၊ စူဠ၀ဂ်၊ သုတ္တနိပါတ်၊ အင်္ဂုတ္တိုရ်။
Posted by U Lawkanartha
အေးချမ်းမွန် Credit To > Words of Buddha
Post a Comment