0
ကမာရွတ်မီဒီယာနဲ့ တင်ခဲ့တဲ့ ပို့စ်တစ်ခုနဲ့ပတ်သက်ပြီး မိတ်ဆွေတစ်ချို့ကို ပြန်ရှင်းပြချင်ပါတယ်။ သူရိယအလင်းကိစ္စ မေးခွန်းတွေ ထုတ်စရာတွေထက် ပိုပြီး သံသယရှိစရာတွေကြောင့် တစ်ဖက်သတ်ပြောဆိုတာတွေကို ဖြုတ်ချလိုက်တာဖြစ်ပါတယ်။

၁။ စွပ်စွဲတဲ့ ဂျာနယ်တိုက်ပိုင်ရှင်က သူကိုယ်တိုင် ဖိုးလပြည့်ပါတယ်။ ဦးဝင်းမြင့်သားပါတယ်ဆိုတာ မမြင်ဘူး။ နောက်နေ့မနက်ကျမှ သူ့တပည့်တွေပြောတာ။ မြင်တဲ့သူ ထုတ်ပြဆိုတော့ မပြနိုင်ဘူး။
၂။ ထုတ်ဝေသူ ဦးယုနိုင်ကိုယ်တိုင် ဂျာနယ်နဲ့ ပစ္စည်းတွေလာသိမ်းလို့ တိုက်ထဲကျန်နေတဲ့သူတွေရှိနေတာကို သတင်းစာရှင်းလင်းပွဲမှာ ဖုံးထားတယ်။
၃။ သူလည်းမမြင်၊ သက်သေလည်းမရှိတဲ့အပြင် မတရားအသိမ်းခံရတယ်ဆိုရင် ရဲစခန်းမှာ အမှုဖွင့်ရမှာကို မဖွင့်ပဲ မီဒီယာတွေနဲ့တွေ့ပြီး ပွဲဆူအောင်ဖွတာထင်ရှားတယ်။
၎။ ဂျာနယ်ပိုင်ရှင်နဲ့ ထုတ်ဝေသူလက်မှတ်ရှိတဲ့သူကြား ပြဿနာရှိနေတာကြောင့် ဒီလိုမျိုးတွေ ဖြစ်တာကို အမှန်အတိုင်း မပြောဘဲ နိုင်ငံရေးစတန့်အနေနဲ့ မီဒီယာကို အသုံးချတယ်။
၅။ စွပ်စွဲတဲ့သူကိုယ်တိုင်ရဲ့ နောက်ခံသမိုင်းကြောင်းအရ အကြီးအကျယ် ပြဿနာရှိတယ်။ ၈၈ မျိုးဆက်မှာ ပါခဲ့ဖူးသူတွေ သူ့အကြောင်း ပိုသိကြပါမယ်။

ဒီတော့ တစ်ယောက်တည်းက တစ်ဖက်သတ်ကြီး စွပ်စွဲထားတယ်။ ဒါ့ကြောင့် အများပြည်သူ အကျိုးမရှိဘူး။ ထုတ်ဝေသူကိုယ်တိုင်လာသိမ်းတာကို စီးနင်းခံရတယ်လို့ သုံးနှုံးမိတာ မှားတယ်။ ဒါ့ကြောင့် ပြန်ဖြုတ်လိုက်တာပါ။
ဖိအားပေးခံရလို့ ဖြုတ်သွားတယ်၊ ကြောက်လို့ ဖြုတ်သွားတယ်လို့ ပြောသူတွေကို ဝန်ခံချင်ပါတယ်။ ဟုတ်ပါတယ်။ မီဒီယာကျင့်ဝတ်က ဖိအားပေးပါတယ်။ မီဒီယာကျင့်ဝတ်ကို ကြောက်လို့ ဖြုတ်ပါတယ်။ ဒါထက် ဘာတစ်ခုမှ မကြောက်ပါဘူး။

Nathan Maung

အေးချမ်းမွန် Credit To >Nathan Maung https://www.facebook.com/excellencemedia

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top