0

စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးအောင်နှင့် တွေ့ဆုံခြင်း

စက်မှုဝန်ကြီးဌာနက ထုတ်လုပ်မှု ရပ်ဆိုင်းလိုက်တဲ့အထဲမှာ မြန်မာမီနီ ကားထုတ်လုပ်မှုရောပါတယ်လို့ သိရပါ တယ်။ မြန်မာမီနီကဝန်ထမ်းများအတွက် ရည်ရွယ်ထုတ် လုပ်ခဲ့တယ်ဆိုပေမယ့် ဈေးကွက်မှာဝယ်လိုအားရှိနေတဲ့အတွက် ပြန်ထုတ်လုပ်ဖို့ အစီအစဉ် ရှိပါသလား။
စက်မှုဝန်ကြီးဌာနအနေနဲ့ ထုတ် လုပ်မှုတွေရပ်ဆိုင်းတာမဟုတ်ပါဘူး။ နောက်လုပ်မယ့်အကြီးစား စက်မှုလုပ် ငန်းရပ်ဆိုင်းမယ်လို့ ပြောတာပါ။ ထုတ်ကုန်တွေ ဆက် ထုတ်နေပါတယ်။ မြန်မာမီနီကားကတော့ ဈေးကွက်အခြေအနေ အရ ယာယီရပ်ဆိုင်းထားတာပါ။ ပြန် ထုတ်ဖို့တော့ ရှိပါတယ်။ ဒါပေမဲ့ မြန်မာ မီနီကားဖြစ် ချင် လည်း ဖြစ်မယ်။ သူ့ ထက်ကောင်းတဲ့ ကားလည်းဖြစ်နိုင် ပါတယ်။

ဝန်ကြီးဌာနက အကြီးစားထုတ် လုပ်မှုလုပ်ငန်းကဏ္ဍ ရပ်ဆိုင်းပြီဖြစ်တဲ့ အတွက် မြန်မာနိုင်ငံရဲ့ စက်မှုကုန်ထုတ် စွမ်းအား ကျဆင်းသွားတယ်လို့ပြောနိုင်မလား။

ဝန်ကြီးဌာနရဲ့ အကြီးစား စက်မှု လုပ်ငန်းတွေ ရပ်ထားတယ်ဆိုပေမယ့် မြန်မာနိုင်ငံရဲ့စက်မှုကုန်ထုတ်စွမ်းအား ကျဆင်းမသွားနိုင်ပါဘူး။ ပိုပြီးတက်လာ မှာပါ။ ဘာကြောင့် လဲဆိုတော့ အရင် လုပ်နေတဲ့ လုပ်ငန်းကို ပုဂ္ဂလိကလုပ်ခွင့် ပေးလိုက်တဲ့ သဘောပါ။ ကိုယ်မလုပ်တဲ့ အရာကို ပုဂ္ဂလိကက ဆက်လုပ်တယ်။ ဒါကြောင့် တက်လာ ဖို့ပဲရှိပါတယ်။

ပည်တွင်းမှာ ကားထုတ်လုပ်ဖို့ ပြည်တွင်းရော ပြည်ပကပါကမ်းလှမ်းမှုရှိနေတယ်လို့ ဒုဝန်ကြီးပြောခဲ့တာ ကြားသိရပါတယ်။ ဘယ်နိုင်ငံတွေကလဲ။ ဘယ်လိုပုံစံမျိုးတွေ ကမ်းလှမ်းလာတာပါလဲ။

ကားထုတ်ဖို့အတွက် ပြည်တွင်း၊ ပြည်ပကမ်းလှမ်းထားတယ်ဆိုတာ မှန် ပါတယ်။ ပုံစံအမျိုးမျိုးနဲ့ ကမ်းလှမ်းတဲ့ အတွက်ပြောဖို့ခက်ပါတယ်။ တချို့က တစ်ယောက်တစ်ဝက်၊ တချို့မြေနေရာနဲ့ စက်ရုံဝန်ကြီးဌာန တာဝန်ယူပစ္စည်းအ ပိုင်းကို သူတို့တာဝန်ယူ၊ ဒီလိုပုံစံတွေ ရှိ ပါတယ်။ လောလော ဆယ်တော့ ဆွေး နွေးနေ တဲ့အဆင့်ပဲရှိ ပါသေး တယ်။ နိုင်ငံ တွေကတော့ အများကြီးပါ ပြောလို့တော့ မရဘူး။ ဂျပန်၊ အိန္ဒိယ၊ တရုတ်နိုင်ငံတွေ ပါပါတယ်။ JV ပုံစံမျိုးနဲ့ လုပ်ဖို့ကမ်း လှမ်းတာတွေလည်းရှိပါတယ်။

အရင်က စက်မှုဝန်ကြီးဌာနကို (၁) နဲ့ (၂) လို့တောင် ခွဲပြီးတစ်ရှိန်ထိုးလုပ်ခဲ့တယ်။ ဒါပေမဲ့ သိသိသာသာတိုးတက်လာတယ်လို့ သုံးသပ်ကြတာမျိုး သိပ်မတွေ့ရဘူး။ ဘာကြောင့်လို့ ထင်ပါသလဲ။

အရင်တုန်းက တိုးတက်တယ်ဆိုတာက အဲဒီအချိန်တုန်းက နိုင်ငံတော်ရဲ့ စက်မှုကဏ္ဍကို အစိုးရကလွဲပြီးဘယ်သူမှ လုပ်လို့မရဘူး။ ဒါကြောင့် နေရာအနှံ့ စက်မှုလုပ်ငန်း လို အပ်ချက်တွေကို စက်မှု(၁)၊ စက်မှု (၂) ဌာနတွေကပဲလုပ်ကိုင်ပေးရတဲ့အတွက်တိုးတက်တယ်လို့ ပြော ကြတာပါ။ လက်ရှိအချိန်မှာ သိသိသာ သာမတိုးတက် ဘူးဆို တာ က ဝန်ကြီးဌာနအနေနဲ့ စက်မှုလုပ်ငန်းကို နိုင်ငံတော်ကဏ္ဍပါဝင်မှု တဖြည်းဖြည်းလျှော့ချ နေတဲ့ကာလပါ။ ဒါကြောင့် မတိုးတက်ဘူး လို့ မြင်နေတာ ပါ။

အရင်တုန်း က ပြောခဲ့ကြတာတွေ ရှိပါတယ်။ နိုင်ငံပိုင်အခန်းကို လျှော့မယ်။ ဘယ်လိုလျှော့မလဲ။

နိုင်ငံပိုင်အခန်းကဏ္ဍကို လျှော့တဲ့ အပိုင်းကတော့ ရှေ့မှာပြောခဲ့သလိုပေါ့။ ပုဂ္ဂလိကကို လုပ်ခွင့်ပေးတဲ့ ပုံစံပါ။ အထည်၊ စားသောက်ကုန်စတဲ့ စက်ရုံတွေ ကို ငှားရမ်းတယ်။ အသေးစား စက်ရုံ တွေကို ရောင်းတယ်။ ဒီလိုပုံစံတွေနဲ့ လျှော့ချပါတယ်။

အရင်တုန်းက ဦးပိုင်နဲ့ပြည်ပနိုင်ငံတစ်ခုနဲ့ ပူးပေါင်းလုပ်တဲ့ သံမဏိစက်ရုံကြီးကို စက်မှုကလွှဲယူလိုက်တယ်လို့ သိရပါတယ်။ ဒီကိစ္စရောဘယ်အခြေအနေရှိ ပါပြီလဲ။ နိုင်ငံမှာ အကြီးဆုံးလို့ သိရလို့ပါ။ နောက်ပြီး ဦးပိုင်ကလုပ်တဲ့နှစ်ကလည်း ၁ဝ နှစ်တောင်ကျော်နေတာ မပြီးဘူးလို့ သိရပါတယ်။

မှန်ပါတယ်။ ဝန်ကြီးဌာနအနေနဲ့ သံမဏိစက်ရုံကြီးကို အောက်တိုဘာ ၁ ရက်နေ့က လွှဲယူခဲ့ပါတယ်။ အခြေအနေကတော့ ဦးပိုင်ဆီက လွှဲယူထားတဲ့ စာချုပ်အတိုင်း ဆက် လုပ်တယ်။ ကျွန်တော် ဒီစက်ရုံကို အပိုင်း ၃ ပိုင်းနဲ့ လုပ်တယ်။ အခု ပထမပိုင်း ပြီးသွားပါပြီ။ ဒုတိယပိုင်း တစ်ဝက်ပြီးနေပါပြီ။ တတိယပိုင်းကို စဖို့လုပ်နေပါပြီ။ ၂ဝ၁၆၊ ၂ဝ၁၇ မှာပြီးမယ်လို့ မှန်းထားပါတယ်။

စက်မှုဝန်ကြီးဌာနက မရိုးမသားလုပ်ထားတယ်။ ကိုယ်မထုတ်လုပ်တာကို ထုတ်လုပ်တယ်ဆိုပြီး တခြားက ဝယ်တယ်ဆိုပြီး ထွက်ပေါ်နေတဲ့သတင်း တွေနဲ့ ပတ်သက်ပြီး ဘာပြောလိုပါသလဲ။

မရိုးမသား ဘာမှမလုပ်ပါဘူး။ ကိုယ်ထုတ်တဲ့ကားကိုပဲ ဝန်ကြီးဌာနက တံဆိပ်နဲ့ပဲရောင်းတယ်။ ကိုယ်မထုတ်တဲ့ ကားကိုတံဆိပ်ရိုက်နှိပ်ပြီး မရောင်းပါဘူး။ ကျွန်တော် မြန်မာ မီနီ ထုတ်တယ်။ ဒါကြောင့် မြန်မာမီနီမှာ ဝန်ကြီးဌာနတံဆိပ်နှိပ်ပြီးရောင်းတယ်။ QQ တွေကို အလုံးလိုက်သွင်းပြီး ရောင်းတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဝန်ကြီးဌာနတံ ဆိပ်နှိ ပ်ပြီး မရောင်းပါဘူး။ ကိုယ်ထုတ်ပြီး ရောင်းတဲ့အပိုင်းမှာ ကားတစ်စီးလုံးကို ဝန်ကြီးဌာနအနေနဲ့ ၁ဝဝ ရာခိုင်နှုန်း အထိတော့ မလုပ်ပါဘူး။ အနည်းအကျဉ်းတော့ ဝယ်သုံး တာပါပါတယ်။ ဥပမာ တိုယိုတာကုမ္ပဏီအနေနဲ့ တိုယိုတာကားတွေထုတ်တဲ့အခါ သူလည်း ၁ဝဝ ရာခိုင်နှုန်းမထုတ်ပါဘူး။ မီးသီးတွေဘာတွေကို ဝယ်သုံးတယ်။ ဒီလို သဘောပါ။

ကိုယ့်စက်ရုံတွေ ဘာကြောင့် ရှုံးတယ်ဆိုတာလေ့လာပြီး ပိုကောင်းအောင်လုပ်သွားကြတဲ့အခါမှာ ဘယ်လို ပြည်ပနိုင်ငံရဲ့ အကူအညီယူမယ်လို့ ဆုံးဖြတ် ထားပါသလဲ။

ပြည်ပနိုင်ငံရဲ့ အကူအညီယူပြီး လုပ်တဲ့အပိုင်းကတော့ သူ့ကဏ္ဍအလိုက် လုပ်ပါတယ်။ ဥပမာ ကျွန်တော်တို့ဆင်တဲ စက်ရုံဆိုရင် နှစ်ပေါင်း ၄ဝ ရှိပါပြီ။ သူ့ကို ဂျပန်ချေးငွေနဲ့ တည်ဆောက်ခဲ့တာပါ။ ဒါကြောင့် စက်ရုံပြန်လည်အဆင့်မြှင့်ဖို့ဂျပန်ကိုအကူအညီတောင်းပြီး လုပ်မှာပါ။ နောက်တစ်ခုဆင်တဲ စက်မှုသင်တန်းကျောင်းဆိုရင် ဝန်ကြီး ဌာန ကဖွင့်ထားတဲ့သင်တန်းကျောင်းတွေထဲမှာ အစောဆုံးကျောင်းပါ။ နှစ်ပေါင်း ၃ဝ လောက်ရှိပါပြီ။ သူ့ကိုဂျာမနီ အကူအညီနဲ့ဆောက်ခဲ့တာပါ။ ဒါကြောင့် သူ့ကိုလည်း ဂျာမနီ အကူအညီနဲ့ ပြန်လည် အဆင့်မြှင့်တင်မှုတွေလုပ်မှာပါ။ ဒါ့ ကြောင့် အကူအညီယူပြီးလုပ်တဲ့ အပိုင်း အမျိုးမျိုးရှိပါတယ်။

အသေးစား၊ အလတ်စား လုပ်ငန်း တွေကိုရော ဘယ်လိုလုပ်သွားမလဲ။

ဝန်ကြီးဌာနအောက်ရှိတဲ့ ပုဂ္ဂလိက အသေးစား၊ အလတ်စား လုပ်ငန်းကဏ္ဍကို အသေးစား၊ အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုကဏ္ဍဆိုပြီး လွန်ခဲ့တဲ့ ၂ နှစ်လောက် က ကဏ္ဍခွဲတစ်ခု တည် ထောင်ပြီး လုပ်ကိုင်ပါတယ်။ ဒီလုပ်ငန်း တိုးတက်ဖို့အတွက် ကျွန်တော်တို့ စက်မှု ဇုန်တွေမှာ အသေးစား အလတ်စားနဲ့ ပတ်သက်ပြီး သင် တန်းတွေပေးတယ်။ ရန်ကုန်သင်တန်း၊ မန္တလေးသင်တန်းပေး ပြီး ဆွေးနွေးခဲ့ပါတယ်။ မကြာခင်မှာ SME ဆပ်ကော်မတီကနေ လုပ်ငန်း တွေတိုး တက်ဖို့ ဆက် လုပ်သွားမှာပါ။

စက်မှုဇုန်တွေ တည်ထောင်နေတယ်။ အခြေခံလိုအပ်ချက်က မဖြည့်ပေးဘူး။ ဒီအချက်တွေကို ထောက်ပြဝေဖန်နေကြတယ်။ ဒုဝန်ကြီး ဘာပြောလိုပါသလဲ။

စက်မှုဇုန်တစ်ခုထူထောင်ဖို့ဆိုတာ နေရာတိုင်းလုပ်လို့ မရပါဘူး။ နံပါတ် ၁ ကုန်ကြမ်းရှိရမယ်။ နံပါတ် ၂ ထွက်တဲ့ ကုန်ချောကို ဘယ်လိုရောင်းရမယ်ဆိုတာ အရေးကြီး တယ်။ ဝန်ကြီးဌာနအနေနဲ့ စက်မှုဇုန် ထူထောင်တယ်ဆိုပေမယ့် စက်မှုဇုန်ထဲက စက်ရုံတွေက ပုဂ္ဂလိက ပိုင်စက်ရုံတွေပါ။ ဝန်ကြီးဌာနအနေနဲ့ ဘေး ကပံ့ပိုးပေး ရုံပဲရှိပါ တယ်။ ဒါကြောင့် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုလိုပါတယ်။ ဒီလို ပြီးပြည့်စုံမှ စက်မှုဝန်ကြီးဌာန၊ လျှပ်စစ်ဌာနတို့က ပံ့ပိုးပေးကြတာပါ။

စက်မှုသင်တန်းကျောင်းတွေနဲ့ ပတ်သက်ပြီး အားရကျေနပ်မှုရှိပါရဲ့လား။ တက်တဲ့သူရဲ့ အခြေအနေကရော ဘယ်လိုရှိနေပါသလဲ။

စက်မှုသင်တန်းကျောင်းတွေကို အားရပါတယ်။ ဝန်ကြီးဌာနအနေနဲ့ စက်မှုသင်တန်းကျောင်း ၆ ကျောင်းဖွင့် လှစ်ထားပါတယ်။ ၅ ကျောင်းကတော့ သင်တန်းတက်တဲ့ လူ လည်း တက်နေပါ တယ်။ သင်တန်းဆင်းတဲ့လူလည်းရှိပါ တယ်။ သင်တန်းကာလ ၁ နှစ်သင် ကြားပေးပါတယ်။ သင်တန်းဆင်းပြီးရင် ကျွန်တော်တို့ဝန်ကြီးဌာနမှာ လုပ်ချင် ရင်အလုပ်ပေးပါတယ်။ သူ့ဌာနသူပြန် လုပ်မယ်ဆိုလည်း ခွင့်ပြုပေးပါတယ်။

ဘာများဖြည့်စွက်ပြောကြားလိုပါသလဲ။

ဝန်ကြီးဌာနအနေနဲ့ ပြည်သူတွေကို ကိုယ်မထုတ်ဘဲနဲ့ ကိုယ့်တံဆိပ်နှိပ် ပြီးလိမ်မရောင်းပါဘူး။ ကိုယ်ထုတ်တဲ့ အရာပဲ ကိုယ်တံဆိပ်နှိပ်ပြီး ရောင်းတယ် ဆိုတာထပ်ပြော ချင်ပါတယ်။ မကွေး မှာတည်ဆောက်တဲ့ တာတာကားစက် ရုံကိုသွားကြည့်နိုင်ပါတယ်။ ကိုယ့်စက်ရုံက ထုတ်ထားတဲ့ကား တာတာတံဆိပ် နဲ့ ရောင်းတယ်။ စက်ရုံအမည် လည်း တာတာ၊ ကားလည်း တာတာအမည်ရှိ ပါတယ်။ကျေးဇူးတင်ပါတယ်။
မင်းသုအောင်၊ အောင်ဇော်

အေးချမ်းမွန် Credit To > Popular Journal

https://www.facebook.com/excellencemedia

Post a Comment

 
Top