0


လက်ရှိဖြစ်ပေါ်နေသည့် ဗုံးပေါက်ကွဲမူဖြစ်စဉ်များနှင့်ပတ်သတ်၍ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ လေ့ ကျင့်ဆောင်ရွက်မူများပြုလုပ်ထားသောကြောင့်
ပြည်သူများအနေဖြင့်မီးသတ်ဦးစီးဌာနသို့ သတင်းပေးပို့ နိုင်ကြောင်းမြန်မာနိုင်ငံမီးသတ်ဦးစီးဌာန ဒုတိယညွန်ကြားရေးမူးဦးတင်မင်းက ၁၇.၁၀.၂၀၁၃
တွင်ပြောကြားခဲ့သည်။ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနအနေဖြင့် ပေါက်ကွဲစေတတ်သည့်ပစ္စည်းများနှင့်စပ်လျဉ်း၍သီးသန့် ပို့ ချလေ့ ကျင့်မူများလုပ်ဆောင်ထားကြောင်းထိုက်သင့်သည့် အတွေ့ အကြုံများရှိသည့်အတွက် လုံခြုံရေးပိုင်းတာဝန်ရှိသူများနှင့်ပူးပေါင်းဆောင်ရွက်မူများလုပ်ဆောင်ပေးလျှက်ရှိကြောင်းသိရသည်။

" ပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေနဲ့ ပတ်သတ်ပြီးဆောင်ရွက်ရမယ့် နည်းပညာတွေကို အင်တာနက်ကတဆင့်လေ့လာတာတွေရှိတယ်။ သီးခြားလေ့ ကျင့်မူတွေလဲရှိပါတယ်။မင်္ဂလာတောင်ညွန်ဖြစ်စဉ်လို ပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေနဲ့ ပတ်သတ်ပြီး မီးငြိမ်းသတ်ခဲ့တဲ့ ထိုက်သင့်တဲ့ အတွေ့ အကြုံတွေလဲရှီပါတယ်" ဟု မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန
ဒုတိယညွန်ကြားရေးမူး ဦးတင်မင်းကဆိုသည်။ပြည်သူများအနေဖြင့် မင်္သကာဖွယ်အခြေနေများတွေ့ ရှိပါကသက်ဆိုင်ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ နှင့်လုံခြုံရေးပိုင်းဆိုင်ရာတာဝန်ရှိသူများအားအသိပေးအကြောင်းကြားနိုင်သကဲ့သို့ 
မီးသတ်ဦးစီးဌာနသို့ အကြောင်းကြားပါကလဲပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ယင်းကဆက်လက်ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးတွင် ယခုလအတွင်း မြိုနယ်အချို့ နှင့်စားသောက်ဆိုင် ၊ဟိုတယ်များတွင် ပေါက်ကွဲမူ လေးကြိမ်ဖြစ်ပွားခဲ့သောကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှလူစည်ကားရာနေရာ အချိုတွင် မင်္သကာဖွယ်များတွေ့ ရှိပါ ကအသိပေးအကြောင်းကြားနိုင်ရန် ထုတ်ပြန်ခဲ့သည်။

ပန်မိုးဝါ (ရိုးရာလေး)

အေးချမ်းမွန် Credit To >YoYarLayhttps://www.facebook.com/excellencemedia

Post a Comment

 
Top