0

(၁) ဒဏ္ဍာရီ - တကယ်လို့ သင်ဟာမြို့ရဲ့ တော်တော်စရိုက်ကျတဲ့နေရာမှာ နေနေပြီး အိမ်နီးချင်းတွေ ကလည်း ဆိုးတယ်ဆိုရင် ဒါဟာသင်ကလေးတုန်းကထက် ပိုမိုအန္တရယ်ရှိနိုင်ပါတယ်။

အဖြစ်မှန် - အခုအချိန်မှာ အသက်လေးဆယ်အောက်မှာ ရှိနေသေးတယ်ဆိုရင်တော့ အရင်တုန်းက ထက်ပိုပြီး လုံခြုံနေပါသေးတယ်။

(၂) ဒဏ္ဍာရီ - ဆင်ခြေဖုံးရပ်ကွက်တွေဟာ မြို့ကြီးတွေထက် ပိုလုံခြုံတယ်။

အဖြစ်မှန် - မှန်ပါတယ်။ အကြမ်းဖျင်း မြို့ကြီးတွေမှာ နေတာထက် ဆင်ခြေဖုံးတွေမှာနေတာက ပိုလုံခြုံ ပါတယ်။ မှုခင်းဖြစ်ပွားမှုနှုန်း အမြင့်မားဆုံးဖြစ်တဲ့ ၁၉၉၁ ၀ါရှင်တန်မှာ သေကြောင်းကြံစည်မှုက ၁၃၈ မှုနဲ့ ၄၇၉ မှုကို ၀ါရှင်တန်ဒီစီမှာဖြစ်ခဲ့တာပါ။ ဒါပေမဲ့ ဆင်ခြေဖုံးမှာ ဖြစ်ပွားခဲ့ခြင်းမရှိပါဘူး။

(၃) ဒဏ္ဍာရီ - ရာဇ၀တ်မှု စုံထောက်တွေမှာ များပြားလှတဲ့ လက်ဗွေရာတွေနဲ့ဆိုင်တဲ့ အချက်အလက်တွေ ရှိပါတယ်။ ဒီအချက်တွေကတစ်ဆင့် ကျွန်တော်တို့အကြောင်းတွေကို ခြေရာခံ လိုက်တယ်။

အဖြစ်မှန် - စုံထောက်တွေမှာ အချက်အလက်တွေရှိတယ်ဆိုတာ ဟုတ်ပါတယ်။ ဒါပေမဲ့ အမည်မသိတဲ့ သံသယရှိသူတွေကို သိစေနိုင်ဖို့နဲ့ သိပြီးသား သံသယရှိသူတွေကို ရှာဖွေဖို့လောက်သာ သုံးတတ်ကြ ပါတယ်။

(၄) ဒဏ္ဍာရီ - အမေရိကန်ရဲ့ စီအက်စ်အိုင်က မှုခင်းတွေကို စုံစမ်းထောက်လှမ်းပါတယ်။ လက်နက်တွေ သယ်ဆောင်ပါတယ်။ ရှုပ်ထွေးလှတဲ့ မှုခင်းတွေကို ဖြစ်စေပါတယ်။

အဖြစ်မှန် - အမှန်တကယ်တော့ DNA စစ်ရတတို့ အမှုလိုက်ရတာတို့ဟာ လနဲ့ချီကြာတတ်ပါတယ်။ ပြီးတော့ လူထုကလည်း အဲ့ဒီလို မှုခင်းမျိုးတွေကို သတိထားနေတာမျိုးမရှိပါဘူး။

(၅) ဒဏ္ဍာရီ - မှုခင်းအများစုကို DNA တွေ၊ လက်ဗွေရာတွေနဲ့ ဖြေရှင်းတတ်တယ်။

အဖြစ်မှန် - အလွန်တရာအရေးကြီးတဲ့ အမှုတွေရဲ့ တစ်ရာနှုန်းနဲ့အောက်ကိုပဲ DNA စစ်ပြီး ဖြေရှင်းတတ်ပါတယ်။ လက်ဗွေရာကတော့ သိပ်အရေးမပါလှပါဘူး။

(၆) ဒဏ္ဍာရီ - လက်ဗွေရာဟာ မှုခင်းဖြစ်ရပ်တစ်ခုမှာ လုံးဝအတိအကျ ကိုက်ညီနေတယ်။

အဖြစ်မှန် - လက်ဗွေရာတွေဟာ လုံးဝဓမ္မဒိဌာန်ကျပါတယ်။ ဒါပေမဲ့ ဒီထက်ပိုကောင်းတာမျိုး ပိုတွေ့ပြီး လားဆိုတော့ လက်ဗွေရာသာ တစ်ခုတည်းသော အမှန်းတရား ဖြစ်နေပါသေးတယ်။

(၇) ဒဏ္ဍာရီ - သေခင်းတမန်ညတွေမှာ အိမ်ထဲကနေပြန်ပေးဆွဲခံရတဲ့ ကလေးတွေရှိတယ်။

အဖြစ်မှန် - FBI ရဲ့ စစ်တမ်းတွေအရ ၂၀၀၈ ခုနှစ်က ကလေး ၁၁၅ ယောက်ဟာ လူစိမ်းတွေရဲ့ ပြန်ပေး ဆွဲခံခဲ့ရတယ်လို့ ဆိုပါတယ်။

(၈) ဒဏ္ဍာရီ - ပြစ်မှုကျူးလွန်သူ နှစ်မျိုးရှိတယ်။

၁။ တစ်မျိုးက ဉဏ်ထက်တယ်။ စုံထောက်ထက်ပိုပြီး ညဏ်ပြေးတယ်။ ကံကောင်းတယ်။ အလုပ် တွေအများကြီး တစ်ပြိုင်နက်တည်း လုပ်နိုင်တယ်တဲ့ ကျူးလွန်သူမျိုး။

၂။ နောက်တစ်မျိုးက ရိုင်းစိုင်းကြမ်းတမ်းပြီး ၀ိညဉ်မဲ့ကျူးလွန်သူမျိုးဆိုပြီးနှစ်မျိုးရှိတယ်။

အဖြစ်မှန် - ဂိုဏ်းစတားများသည် ပုံမှန်အားဖြင့် ဆယ်ကျော်သက်များ ဖြစ်သည်။ ယေဘုယျအားဖြင့် တစ်နှစ်ကျော်လောက် သက်တမ်းရှိသည်။ အခြားသူများထက်ပိုပြီး မှုခင်းများကို ကျူးလွန်ထားသူများ ဖြစ်သည်။

(၉) ဒဏ္ဍာရီ - အတွဲလိုက်လူသတ်သမားများဟာ အသတ်ခံသူတွေကို ရေတွက်တတ်တယ်။

အဖြစ်မှန် - အတွဲလိုက် သတ်ခံရသူတွေဟာ သေကြောင်းကြံစည်သူတွေရဲ့ တစ်သောင်းခွဲမှာ တစ်ယောက်ပဲရှိပါတယ်။

အေးချမ်းမွန် Credit To > Mizzima - News in Burmese https://www.facebook.com/excellencemedia

Post a Comment

 
Top