0

ဒီပုံက ယနေ့ ၂၉.၁၀.၁၃ ရက် ညနေ ၆နာရီ ၁၀ မိနစ်ခန့်မှာ သမိုင်းဘူတာရုံလမ်းက ရထားလမ်း ဂုံးကျာ်တံတားရဲ့အောက် ဗဟိုလမ်းပေါ်မှာ ရိုက်ထားမိတာပါ..

ဓါတ်ပုံထဲက အတိုင့်းပဲ ၁၅ ပေ ကင်းလွတ်တဲ့ တံတားရဲ့ အောက်ခြေကို ဖြတ်ဖို့ ကြိုးစားနေတဲ့ ကွန်တိန်နာ တစ်စီးရဲ့ ပုံပါ.. ဓါတ်ပုံရိုက်တဲ့ အချိန်က ဒီကားဟာ တံတားဘောင်နဲ့ ကွန်တိန်နာ အတွင်းမှာ တိုက်နေလို့ ဆက်သွားလို့ မရတဲ့အတွက် နောက်ပြန်ဆုတ်နေတာပါ.. ဦးခေါင်းကတော့ အင်းစိန်ဘက်ကို ဦးတည်ထားတာပါပဲ. ခဏနေတော့ မည်သို့ မည်ဖုံ လုပ်လိုက်သည်မသိ.. တစ်စီးလုံး နောက်ပြန်ဆုတ်ပြီး အောက်ကပြန်ဖြတ်လို့ အင်းစိန်ဘက်ကို မောင်းသွားတာ တွေ့လိုက်ပါတယ်.

ဗဟိုလမ်းလို လမ်းမျိုးကို ဒီလို ကွန်တိန်နာ ကားတွေ ၀င်ခွင့်ရှိမရှိ ကျွန်တော် မသိပါဘူး.. လမ်းမတွေပေါ်မှာ ပုံမှန်ခွင့်ပြုတဲ့ အမြင့်ကတော့ ၁၄ ပေ လို့ သက်မှတ်ထားတာ သိပါတယ်.. ဒါပေမယ့် ၁၅ ပေ မြင့်တဲ့ တံတားနဲ့ တိုက်နေပြီ ဆိုကတည်းက ဒီကားဟာ ၁၅ ပေ အမြင့် ရှိနေပါပြီ..

ဘယ်သူတွေပိုင်တဲ့ ကုန်တွေကို ဘယ်သူ့ခွင့်ပြုချက်နဲ့ ဘယ်ကိုပို့တာလဲဆိုတာတော့ မသိပါဘူး.. ဒါပေမယ့် ဒီလိုကားမျိုးကို လက်လွတ်စပယ် ဒီလို သွားခွင့်ပေးတာတော့ တော်တော်လေး အံ့သြမိပါတယ်ဗျာ.. တံတားနဲ့ ကွန်တိန်နာ မလွတ်တဲ့အထိ မြင့်တဲ့ ကားတွေကိုတော့ ဂုံးကျော်တံတားရှိတဲ့ ဗဟိုလမ်းပေါ်မှာ ဖြတ်ခွင့် မပေးသင့်ပါဘူးဗျာ..

အခုလို ဂုံးကျော်တွေ ဖြတ်တဲ့အချိန်မှာ အန္တရာယ်များသလို လမ်းပေါ်ဖြတ် ဆွဲထားတတ်တဲ့ မီးကြိုးတွေကြောင့်လည်း အန္တရာယ်များလှပါတယ်ဗျာ.. တာဝန်ရှိသူ လူကြီးမင်းများ ဘာကြောင့် အဲဒီကားကို ဘယ်သူတွေက ဒီလမ်းပေါ်က သွားခွင့်ပြုတာလဲ.. တံတားဘောင်တွေ ဘယ်လောက်ထိခိုက်သွားလဲဆိုတာ ပြန်ပြီး စစ်ဆေး ကြည့်ပါအုန်းလို့တောင်းဆိုပါရစေဗျာ..

နောင်အခါလည်း အလုပ်လေးဘာလေး လုပ်ရင် ဦးနှောက်လေးတွေ သုံးကြပါလို့ သတိပေးလိုက်ပါတယ် တာဝန်ရှိသူ အစိုးရမင်းများခင်ဗျာ..

(AERO)

အေးချမ်းမွန် Credit To >Tin Min Latt https://www.facebook.com/excellencemedia

Post a Comment

 
Top