0


ရန်ကုန်၊ အောက်တိုဘာ ၁၈

မြန်မာနိုင်ငံတွင် အခွန်အများဆုံး ထမ်းဆောင်သည့် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့တော်တွင် အခွန်အများဆုံး ထမ်းဆောင်သည့် အခွန်ထမ်းပြည်သူ ၅၀၀ ဖြင့် ဖွဲ့စည်းမည့် အခွန်ဝန်ထမ်းကြီးများရုံးကို လာမည့်ဘဏ္ဍာနှစ် အတွင်း ဖွင့်လှစ်မည် ဖြစ်ကြောင်း နေပြည်တော်ရှိ ပြည်တွင်းအခွန်များ ဦးစီးဌာန (ရုံးချုပ်) ရှိ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

ဘဏ္ဍာနှစ် တစ်နှစ်အတွင်း အခွန်အများဆုံး ထမ်းဆောင်သူ ၅၀၀ ဦးက သတ်မှတ်ထားသော ကျသင့်အခွန်များကို ကိုယ်တိုင်ကြေညာ၍ ထမ်းဆောင်ရမည် ဖြစ်ကြောင်း၊ ယင်းပုဂ္ဂိုလ် ၅၀၀ ၏ ထမ်းဆောင်ရမည့် အခွန်ပမာဏကို တစ်စုံတစ်ရာ ညွှန်ကြားမည်မဟုတ်ဘဲ ကိုယ်တိုင် သတ်မှတ်ရမည့်သဘော ဖြစ်သည်ဟု ၄င်းကရှင်းပြသည်။
"အခွန်အများဆုံး ထမ်းဆောင်တဲ့ သူတွေက အခွန်ရုံးနဲ့ ချိတ်ဆက်ပြီး ကိုယ့်ဘာသာ ကျသင့်တဲ့ အခွန်ငွေသွင်းပြီး ကိုယ့်ဘာသာ ကြေညာရမယ်။ အခွန်ရုံးက အခွန်နှုန်း သတ်မှတ်ပေးရုံပဲ လုပ်ပေးမှာပါ" ဟု အဆိုပါအရာရှိက ပြောကြားသည်။

လက်ရှိအခွန်ရုံးအား ဖွင့်နိုင်ရန် နေရာ မရရှိသေးသော်လည်း အမြန်ဆုံး ရှာဖွေလျက်ရှိကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန (ရုံးချုပ်) ထံမှ သိရသည်။
ယင်းအခွန်ရုံးသည် ရှေ့ဘဏ္ဍာနှစ်တွင် ဖွင့်လှစ်မည် ဖြစ်သော်လည်း ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် မှသာလျှင် အကျိုးသက်ရောက်မည် ဖြစ်ကြောင်း ယင်းဦးစီးဌာနထံမှ သိရသည်။

အဆိုပါအခွန်ရုံးတွင် အခွန်မှူး ၅၀ ဦးနှင့် ဝန်ထမ်းအချို့ ပါဝင်မည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန (ရန်ကုန်) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အေးချမ်းမွန် Credit To >The Voice Weeklyhttps://www.facebook.com/excellencemedia

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top