မြနန်းစံကျော် ရွှေနန်းဆောင် အပါအဝင် သမိုင်းဝင်နေရာ များ ပြန်လည် ထိမ်းသိမ်းမှု စတင်တော့မည်
Thursday, 17 October 2013
မန္တ လေးမြို့တည်နန်းတည် မင်းတုန်း မင်းတရားကြီး၏ မြနန်းစံကျော်
ရွှေနန်းဆောင်ကြီး အပါအဝင် သမိုင်းဝင်နေရာများအား ပြန်လည် ထိန်းသိမ်းစောင့်ရှောက်မှုကို မန္တ လေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၏အစီအစဉ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ရာ အောက်တို ဘာနောက် ဆုံးပတ်တွင် လုပ်ငန်းများစတင် ရန်လျာ ထားကြောင်း ရှေးဟောင်း သုတေသန၊ အမျိုးသားပြတိုက် နှင့် စာကြည့်တိုက် ဦးစီးဌာနမှ သိ ရသည်။
ရှေးဟောင်းယဉ်ကျေးမှုအ မွေအနှစ်များ မပျောက်ပျက်စေ ရန် နှင့် ပြည် တွင်းပြည် ပ ခရီးသွား လုပ် ငန်းများ ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက် အကူပြုစေရန် ရည် ရွယ်၍ ထိန်းသိမ်းစောင့်ရှောက်ရ ခြင်းဖြစ်ရာ လက်ရှိတွင် အလှူ ရှင်များက စုစုပေါင်းအလှူငွေကျပ် သိန်း၁၄ဝဝကို လှူဒါန်းထားပြီး ဖြစ်ကြောင်း၊ မြနန်းစံကျော်ရွှေ နန်းဆောင်ကြီးကို အဓိကဦးစား ပေးအဖြစ် လျာထားသော်လည်း အနီးရှိ စွယ်တော်စင်၊ ဗဟိုရ်စင်၊ ဆွေတော်မျိုးတော်များ သချုØင်း တော်နှင့် ဒင်္ဂါးစက်ရုံတို့ကို ပြန် လည်ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း ရှေးဟောင်း သုတေသန၊ အမျိုး သားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန(အထက်မြန်မာပြည်) မှ ညွှန်ကြားရေးမှူး ဦးဇော်ဦးဟန် က ရန်ကုန်တိုင်းမ်နေ့စဉ်သတင်း စာသို့ ပြောသည်။
''လက်ရှိမှာက အလှူငွေ အနေနဲ့ ကျပ်သိန်း ၁၄ဝဝရရှိပြီ ဆိုပေမယ့် လျာထားတဲ့လုပ်ငန်း တွေအတွက်တော့ လုံလောက်မှု မရှိနိုင်သေးပါဘူး။ ဟိုအရင်တုန်း ကလဲ နှစ်တိုင်းလိုလိုထိန်းသိမ်းမှု လုပ်ငန်းတွေ ကို ဆောင်ရွက်ခဲ့ တယ် ဆိုပေမယ့် နိုင်ငံတော်ဘတ်ဂျက် ကနေ သုံးစွဲရတာဖြစ်လို့ အကန့် အသတ်ရှိပါတယ်။ အခုတော့ တိုင်းဒေသကြီးအစိုးရအဖွဲ့ကနေ တိုက်ရိုက်စီမံမှာဆိုတော့ အရင် တုန်းကထက်စာရင် ထိန်းသိမ်း စောင့်ရှောက်မှုလုပ်ငန်းတွေကို ပိုမို ဆောင်ရွက်နိုင်တော့မှာ ဖြစ်ပါ တယ်''ဟု ယင်းကထပ်မံပြောသည်။
မြနန်းစံကျော်ရွှေနန်းဆောင် ကြီးသို့ လာရောက်လည်ပတ်ကြ မည့် ပြည်တွင်းပြည်ပခရီးသွား များ အပန်းဖြေအနားယူနိုင်ရန် အတွက် နိုင်ငံတကာအဆင့်မီစား သောက်ဆိုင်ကြီးများနှင့်အတူ လမ်းညွှန် အမှတ်အသားများ၊ ပန်း ခြံများကို ထားရှိသွားမည်ဖြစ်ရာ ခရီးသည်များအတွက် တိုးဂိုက် များသီးသန့်စီစဉ်ပေးခြင်း၊ ဘက်ဂီ ကားများဖြင့် ပို့ဆောင်ခြင်းတို့ကို လည်း ဝန်ဆောင်မှုတစ်ရပ်အဖြစ် ပေး သွားမည်ဖြစ်ပြီး ထိန်းသိမ်း စောင့်ရှောက်မှုလုပ်ငန်းများ အ ကောင်
အထည်ဖော်ရာတွင် ပြည်တွင်းမှ မြန်မာမှုပညာရှင်များပါဝင်
မည်ဖြစ်ကြောင်း သိရသည်။
အေးချမ်းမွန် Credit To >Yangon Media Group<Thanks
Home
»
» Unlabelled
» မြနန်းစံကျော် ရွှေနန်းဆောင် အပါအဝင် သမိုင်းဝင်နေရာ များ ပြန်လည် ထိမ်းသိမ်းမှု စတင်တော့မည်
Next
Newer Post
Previous
This is the last post.
Subscribe to:
Post Comments (Atom)
Post a Comment