0

သူသူထက်လွင်

သန့်စင်ပြီး လှပတဲ့ခြေထောက်လေးတွေ၊ ဝင်းဝါချောမွတ်တဲ့ခြေဖမိုးတွေ၊ ရဲရဲနီနေတဲ့ခြေဖဝါးတွေ ပိုင်ဆိုင်နိုင်ဖို့ဆိုရင် လျှို့ဝှက်ချက်တွေရှိနေပါတယ်။
ခရီးရက်ရှည်သွားပြီး ပြန်လာတဲ့သူတွေအနေ နဲ့ ခြေဖဝါးတွေ၊ ခြေထောက်တွေ ညစ်ပေရေလာပြီး အလှအပတွေပျက်ယွင်းနေတတ်ပါတယ်။ အလှတရား ဆိုတာ တစ်နေရာတည်းလှပရုံနဲ့ပြည့်စုံတဲ့ အလှတရား မဖြစ်နိုင်ပါဘူး။ ခေါင်းအစခြေအဆုံး ကြည့်ရှုရတာ သန့်စင်လှပနေမှသာ ပြည့်စုံသောအလှပိုင်ရှင်ဖြစ်လာ မှာဖြစ်ပါတယ်။ မျက်နှာလေးက အရမ်းလှပနေပေမယ့် ခြေထောက်တွေမည်းပြီး အမာရွတ်တွေရှိနေလို့ စိတ် ဓာတ်ကျနေသူတွေအတွက် ခြေထောက်အလှဆင်ခြင်း အမျိုးမျိုးနဲ့ မိတ်ဆက်ပေးမှာဖြစ်ပါတယ်။

ခြေထောက်သန့်စင်မယ် (Classic Pedicure)

ကိုယ့်ခြေထောက်လေးတွေကို ကြည့်လိုက် ရင် ခြေသည်းလေးတွေကြားမှာ၊ ခြေဖဝါးအောက်မှာ၊ ခြေချောင်းတွေမှာ ညစ်ပတ်ပေရေနေမယ်ဆိုရင် ကိုယ့် ကိုယ်ကိုယ် ယုံကြည်စိတ်ချစွာ ခြေလှမ်းလှမ်းနိုင်မှာ မဟုတ်ပါဘူး။

ခြေထောက်တွေကို သန့်စင်မယ်ဆိုရင် ကိုယ်တိုင် ခြေထောက်ဆေးတာမျိုး၊ သန့်စင်တာမျိုးတွေ ပြုလုပ်နိုင်သလို အလှပြင်ဆိုင်မှာလည်း သွားရောက် သန့်စင်နိုင်မှာဖြစ်ပါတယ်။

''ကိုယ့်ဘာသာကိုယ်သန့်စင်မယ်ဆိုရင် သေ ချာမမြင်ရလို့ သန့်စင်ရတာခက်ခဲပါတယ်။ အလှပြင် ဆိုင်မှာ လာလုပ်ရင်တော့ သေချာလုပ်ပေးပါတယ်။ အညစ်အကြေးသန့်စင်ပေးပါတယ်။ ခြေသည်းလက် သည်း ညှပ်ပေးပါတယ်''ဟု အလှပြုပြင်ရေးဆိုင်မှ ဝန် ထမ်းတစ်ဦးကပြောပြသည်။

အလှပြုပြင်ရေးဆိုင်မှာ ခြေထောက်သွား ရောက်သန့်စင်မယ်ဆိုရင် ပထမဦးဆုံး ဆပ်ပြာရည်နဲ့ ဆေးကြောပေးမယ်။ ပြီးတော့ အမာရွတ်နူးဆေးရည် ဆွတ်ပြီး ဘရက်ရှ်အပျော့စားတွေနဲ့ ခြေဖဝါး၊ ခြေချောင်း ကြားတွေကို ပွတ်တိုက်သန့်စင်ပေးပါတယ်။ ခြေသည်း တွေကိုညှပ်ပေးပြီး ခြေသည်းကြားက ချေးတွေ၊ ခြေ သည်းခွံပေါ်က ချေးတွေကို ခြစ်ထုတ်ကလော်ပြီး သန့် စင်ပေးပါတယ်။ ယင်းကဲ့သို့ ခြေထောက်သန့်စင်မယ် ဆိုရင် ကုန်ကျငွေ ကျပ် ၂ဝဝဝကနေ ၃ဝဝဝလောက် ကုန်ကျမှာဖြစ်ပါတယ်။

ခြေထောက်ဆေးစိမ်နှိပ်နယ်ခြင်း (Foot Reflexology)

ခြေလှမ်းပေါင်းများစွာကိုလှမ်းခဲ့ရလို့ နောက် ထပ်ခြေလှမ်း တွေမလှမ်းနိုင်အောင် ညောင်းညာနေတဲ့ အချိန်မှာ ခြေထောက်တွေ ကိုဆေးစိမ်ပြီး နှိပ်နယ်ပေး ဖို့လိုအပ်ပါတယ်။

အသက်အရွယ်ကြီးလာတဲ့သူတွေက သွား လို့လာလို့ မကောင်း၊ အထိုင်အထမကောင်းတော့တာ မျိုးတွေ၊ ငယ်ရွယ်သူတွေကလည်း သွားရတာများလို့ ခြေထောက်တွေ ညောင်းညာကိုက်ခဲနေသူတွေအတွက် ပြုလုပ်သင့်ပါတယ်။

''ခြေထောက်ဆေးစိမ်ရင် အခိုးတွေထွက် သွားတယ်။ လေမဖြတ်နိုင် တော့ဘူး။ သွေးလည်ပတ်မှု အားကောင်းလာမယ်။ ဒါကြောင့် အသက်အရွယ်ကြီး တဲ့သူတွေ လုပ်သင့်ပါတယ်''ဟုColourfull Nail Spa ပိုင်ရှင် ဒေါ်ယမင်းကပြောပြသည်။

ခြေထောက်ဆေးစိမ်နှိပ်နယ်မယ်ဆိုရင် ပထမ ဦးဆုံး ဆပ်ပြာရည်နဲ့ သန့်စင်ပေးပြီး အမာရွတ်နူးဆေး ဆွတ်ကာ ဘရက်ရှ်နဲ့သန့်စင် ပေးပါတယ်။ အဲဒီနောက် ချေးချွတ်သန့်စင် ပေးမှာဖြစ်ပါတယ်။ ချေးချွတ်ပြီး နောက် ရေနွေး၊ ဆားနဲ့ တရုတ်ဆေးမြစ်စုံရောထားတဲ့ ဆေးရည်ထဲမှာ ခြေထောက်ကို မိနစ် ၂ဝ ခန့်စိမ်ရပါ တယ်။ ဆေးစိမ်ချိန်ပြီးတာနဲ့ ဆေးပရုတ်ဆီ၊Cooling Foot Massage Cream လိမ်းကာ နှိပ်ပေးပါတယ်။

ပေါင်ရင်း၊ ဒူးခေါင်းမှစ၍ ခြေဖဝါးပြင်တစ်လျှောက် စနစ်တကျနှိပ်နယ်ပေးတဲ့ အတွက် အပူတွေထွက်သွား ပြီး အညောင်းအညာပြေသွားပါတယ်။

ခြေထောက် ဆေးစိမ်နှိပ်နယ်ချင်သူတွေအ တွက်Colourfull Nail Spa မှာ ကျပ် ၆ဝဝဝ ဖြင့် ပြု လုပ်နိုင်ပြီး အလှပြင်ဆိုင်များ၊ှစမျေားမှာ ကျပ် ၆ဝဝဝ မှ ၁ဝဝဝဝကျော်ဖြင့် သွားရောက်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

ခြေထောက် ဂျယ်လီစိမ်မယ်

သန့်စင်ဖြူဖွေးတဲ့ခြေထောက်ပိုင်ရှင်ဖြစ်လို သူတွေကတော့ ခြေထောက်ကိုသန့်စင်ပြီး ဂျယ်စိမ်ပေး နိုင်ပါတယ်။

ခြေထောက်ဂျယ်စိမ်မယ်ဆိုရင် ခြေထောက် ကို အရင်သန့်စင်ပြီး Scrub
(ချေးချွတ်)ပေးပါတယ်။ ပြီးတော့ လျှပ်စစ်ဆေးစိမ်ဇလုံထဲမှာထည့်ပြီး ခြေထောက် ကို ဂျယ်စိမ်ပေးပါတယ်။ ဂျယ်လီတွေနဲ့ပွတ်တိုက်ပြီး နှိပ်နယ်ပေးပါတယ်။ ပြီးတော့ Whitening ဖြူဖွေးစေ တဲ့ ခရင်မ်နဲ့လိမ်းပြီးနှိပ်နယ်ပေးပါတယ်။ ဒီလိုမျိုး ခြေ ထောက်သန့်စင်ဂျယ်စိမ်မယ်ဆိုရင် ကျပ် ၃ဝဝဝ မှ ၅ဝဝဝကြား ကုန်ကျမှာဖြစ်ပါတယ်။

မည်းညစ်ပေရေနေတဲ့ ခြေထောက်၊ အမာ ရွတ်တွေပြည့်နှက်နေတဲ့ ခြေထောက်ကို ပိုင်ဆိုင်ထားလို့ စိတ်ညစ်နေသူတွေအတွက် သန့်စင်ဖြူ ဖွေးတဲ့ခြေဖမိုး နဲ့ခြေဖဝါးလှလှလေးတွေ ပိုင်ဆိုင်နိုင်ဖို့ လမ်းညွှန်ဖော် ပြပေးလိုက်ပါတယ်။
---------------------------------------------------------------------------
Flower News Journal ၊ အတွဲ ၁၀ ၊ အမှတ် ၁၇

Aye Chan Mon# Credit To : Yangon Media Group
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်
 (6 photos)

Post a Comment

 
Top