Published on Sat, 12/26/2015
ဗီယက်နမ်စီးပွားရေးသည် ၂၀၁၅ ခုနှစ်တွင် ငါးနှစ်အတွင်း အမြင့်ဆုံးနှုန်းဖြင့် တိုးတက်ခဲ့ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလည်း စံချိန်တင်ခဲ့ကြောင်း ဒီဇင်ဘာ ၂၆ ရက်တွင် ထုတ်ပြန်ခဲ့သော အစိုးရစာရင်းအင်းများက ဖော်ပြခဲ့သည်။
ပို့ကုန်အားကောင်းခြင်း၊ ပြည်တွင်းစားသုံးမှု မြင့်တက်လာခြင်းတို့ကြောင့် ကွန်မြူနစ်နိုင်ငံ ဗီယက်နမ်သည် စီးပွားရေး ၆ ဒသမ ၆၈ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး အစိုးရက ခန့်မှန်းထားသည့် ၆ ဒသမ ၂ ရာခိုင်နှုန်းထက် သာလွန်ခဲ့သည်။
ပို့ကုန်အားကောင်းခြင်း၊ ပြည်တွင်းစားသုံးမှု မြင့်တက်လာခြင်းတို့ကြောင့် ကွန်မြူနစ်နိုင်ငံ ဗီယက်နမ်သည် စီးပွားရေး ၆ ဒသမ ၆၈ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး အစိုးရက ခန့်မှန်းထားသည့် ၆ ဒသမ ၂ ရာခိုင်နှုန်းထက် သာလွန်ခဲ့သည်။
ကမ္ဘာ့ရေနံဈေးနှုန်း ကျဆင်းနေမှု၊ ကမ္ဘာ့ဘဏ္ဍာရေးဈေးကွက်တွင် မတည်ငြိမ်မှုတို့ကြောင့် လာမည့်နှစ်များအတွင်း ဗီယက်နမ်စီးပွားရေး တိုးတက်မှုနှုန်းသည် အရေးကြီးနေပြီဖြစ်ကြောင်း ဗဟိုစာရင်းအင်းရုံးမှ ညွှန်ကြားရေးမှူး ငုယင်ဘစ်လန်က ပြောကြားခဲ့သည်။ ကမ္ဘာ့ဒုတိယအကြီးဆုံး တရုတ်စီးပွားရေး ယိမ်းယိုင်နေမှုကြောင့် အာရှနိုင်ငံအများစု စီးပွားရေးထိခိုက်ခဲ့ပြီး ထိုင်းကဲ့သို့ ဒေသတွင်း အိမ်နီးချင်းများ အကျပ်အတည်း ကြုံနေချိန်တွင် ဗီယက်နမ် က ဧရာမမြောက်ဘက် အိမ်နီးချင်းတရုတ် ၏ စီးပွားရေးနှေးကွေးမှုကို ခုခံနိုင်စွမ်းရှိခဲ့ကြောင်း သက်သေပြခဲ့သည်။
ဗီယက်နမ်ဗဟိုဘဏ်သည် ပို့ကုန်အားပေးရန်အတွက် ယခုနှစ်အတွင်း ဒေါင်ငွေကို သုံးကြိမ် တန်ဖိုးလျှော့ချခဲ့သည်။ ယင်းကဲ့သို့ အစိုးရ၏ ၀င်ရောက်စွက်ဖက်မှုများကြောင့် ဗီယက်နမ်ပို့ကုန်သည် ဒီဇင်ဘာအထိ နှစ်နှစ်အတွင်း ၈ ဒသမ ၁ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ တစ်ကြိမ်တည်းမှာပင် သွင်းကုန်ကလည်း ၁၂ ရာခိုင်နှုန်း ခုန်တက်ခဲ့သည်။ ဗီယက်နမ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် ယမန်နှစ်ကထက် ၁၇ ဒသမ ၄ ရာခိုင်နှုန်း ခုန်တက်ခဲ့ပြီး ဒေါ်လာ ၁၄ ဒသမ ၅ ဘီလျံထိ စံချိန်တင်ခဲ့မှုက ဗီယက်နမ် စီးပွားရေး တိုးတက်စေခဲ့ခြင်း ဖြစ်သည်။
ဗီယက်နမ်စီးပွားရေးသည် ၂၀၁၄ ခုနှစ်တွင် ခြောက်ရာခိုင်နှုန်းအောက်သာ တိုးတက်ခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် ၅ ဒသမ ၄၂ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ စက်မှုဖွံ့ဖြိုးမှုကြောင့် စီးပွားရေး တိုးတက်ခဲ့ပြီး ရေနံဈေးနှုန်း ကျဆင်းမှုက ဗီယက်နမ်အတွက် သွင်းကုန်ဈေးကို သိသိသာသာ ကျဆင်းစေခဲ့ကြောင်း ဗီယက်နမ်အကြီးတန်း စီးပွားရေးပညာရှင် လီတန်ဒိုအန်က ပြောကြားခဲ့သည်။ သို့သော်လည်း အစိုးရကြွေးမြီမြင့်မားမှု၊ နိုင်ငံပိုင်လုပ်ငန်းများ၏ မထိရောက်မှု၊ ခြစားမှု ထူပြောမှုတို့ကြောင့် ဗီယက်နမ်စီးပွားရေး တိုးတက်မှုသည် အထိအခိုက်မခံသည့် အခြေအနေတွင် ရှိနေဆဲဖြစ်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
Writer:
Ref: AFP
Writer:
Ref: AFP
Eleven Media Group
Post a Comment